အာဟာရဓာတ်အပြည့်အ၀ပါတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွ၊ အစိမ်းရောင်အသီးတွေဟာ ခန္ဓာကိုယ်ကိုကျန်းမာစေပြီး အဆီကျသွယ်လျစေပါတယ်။ အရသာရှိတဲ့အစိမ်းရောင်ဖျော်ရည်အဖြစ် သကြားအနည်းငယ်သုံးပြီး သောက်သုံးနိုင်ပါတယ်။ ပူအိုက်တဲ့နွေရာသီမှာအစိမ်းရောင်ဖျော်ရည်တစ်ခွက်ဟာ ပြည့်ဝတဲ့ အင်အားတွေကို ရရှိနိုင်ပါလိမ့်မယ်။

သခွားသီးဖျော်ရည်

Source: The Juice Chief

သခွားသီးမှာ ဗီတာမင်စီ၊ ပိုတက်စီယံ၊ ၊ဗီတာမင်-B တို့ပါဝင်ပါတယ်။ နွေရာသီမှာသခွားသီးကို ဖျော်ရည်အဖြစ်ဖျော်သောက်ကြည့်လိုက်ပါ။ သခွားသီးဖျော်ရည်ဟာ နှလုံးရောဂါဖြစ်ပွားခြင်းကို လျော့ချပေးနိုင်ပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ပန်းသီးစိမ်းဖျော်ရည်

Source: PinsDaddy

အစိမ်းရောင်ပန်းသီးကို ဖျော်ရည်အဖြစ်ဖျော်ပြီး သောက်သုံးကြည့်လိုက်ပါ။ ခန္ဓာကိုယ်အတွက် အကျိုးအာနိသင်တွေများစွာ ရရှိနိုင်ပါတယ်။ အစိမ်းရောင်ပန်းသီးမှာ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဗီတာမင်တွေပါဝင်ပါတယ်။ ကိုယ်ခံအားကိုကောင်းမွန်စေပြီး ရာသီဥတုကြောင့်ဖြစ်တတ်တဲ့ အပူရှပ်ဖျားနာဝေဒနာတွေကို သက်သာပျောက်ကင်းနိုင်ပါ တယ်။

သံပရာဖျော်ရည်

Source: theojc.com

ပူပြင်းတဲ့နွေရာသီအတွက် မရှိမဖြစ်ဖျော်ရည်တစ်မျိုးပါပဲ။ မောပန်းနွမ်းနယ်ပြီး ခေါင်းမူးခေါင်းကိုက်ခြင်းတွေကို သံပရာဖျော်ရည်က ယူပစ်သလို ပျောက်ကင်းစေနိုင်ပါတယ်။ သံပရာသီးမှာပါဝင်တဲ့ ဗီတာမင်စီဟာ ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားတွေကို မြင့်တက်စေနိုင်ပါတယ်။