ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား လက်ရှိမန်ယူအသင်းသားပေါ့ဘာဟာ မန်ယူအသင်းကနေထွက်ခွာပြီးချိန်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှာ မြင်တွေ့ရတော့မှာလားဆိုတဲ့ မေးခွန်းတွေ ကျယ်ကျယ်လောင်လောင်ထွက်နေခဲ့ပါတယ်။ ပေါ့ဘာကတော့ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားခွင့်ရရေးဟာ ကစားသမားတိုင်းရဲ့ အိပ်မက်တစ်ခုပါလို့ ဖွင့်ဟခဲ့ပြီးတဲ့ နောက်မှာတော့ ပေါ့ဘာရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ ပရိသတ်တွေကြား ရေပန်းစားဆုံးနဲ့ စိတ်ဝင်စားဆုံးဖြစ်နေခဲ့တာဖြစ်ပါတယ်။

Source : talkSPORT

ဧပြီလ (၂၇) ရက်နေ့ထုတ် စပိန် AS သတင်းစာမှာလည်း ပေါ့ဘာဟာ ရီးယဲလ်မက်ဒရစ်အသင်းကို တစ်နှစ်လစာ ယူရို (၁၂) သန်းဖြင့်ပြောင်းရွှေ့ရန် သဘောတူညီမှုရထားပြီလို့လည်း ရေးသားဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ပေါ့ဘာဟာရီးယဲလ်အသင်းနည်းပြ ဇီဒန်းကိုယ်တိုင်သဘောကျနေသလို မန်ယူအသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပါကလည်း ရီးယဲလ်အသင်းကို ရောက်ရှိလာနိုင်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ပေါ့ဘာဟာ လက်ရှိမန်ယူအသင်းမှာ တစ်နှစ်လစာ ယူရို (၁၇) သန်းအထိရရှိနေပေမယ့်လည်း ရီးယဲလ်အသင်းကို အခွန်ဆောင်ပြီး တစ်နှစ်လစာ ယူရို (၁၂) သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားပြီဖြစ်တယ်လို့ စပိန်သတင်းစာတွေမှာတော့ ရေးသားဖော်ပြထားကြပါတယ်။

Source : The Independent

ပေါ့ဘာအနေနဲ့ အဆိုပါကြေးအရ ရီးယဲလ်အသင်းကိုပြောင်းရွှေ့ခဲ့မယ်ဆိုရင် ရီးယဲလ်အသင်းမှာ ဒုတိယလစာအများဆုံးကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ လက်ရှိ ရီးယဲလ်အသင်းရဲ့ လစာအများဆုံးကစားသမားကတော့ တစ်နှစ်ကို ယူရို ၁၅ သန်းဖြင့် အသက် (၂၉) နှစ်အရွယ် တိုက်စစ်မှူး ဂါရတ်ဘေးလ်က ပထမနေရာမှာ ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကတော့ လာမယ့်နှစ်ရာသီမှာ ပေါ့ဘာမန်ယူအသင်းမှာ ဆက်ရှိနေရန် မျှော်လင့်ထားတယ်လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။ အခုထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ပေါ့ဘာ လာမယ့်ဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းမှာ မြင်တွေ့သွားရမှာလားဆိုတာ တကယ်ကိုစိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Source : dnaindia.com