ရုပ်ရှင်ဝါသနာအိုးတွေဟာ သတ်မှတ်ရက်အတွင်း ၆၃၆ ဒေါ်လာ (မြန်မာငွေ ၉ သိန်းကျော်လောက်) ရမယ့် အခွင့်အရေးတစ်ခု ရှိနေပါတယ်။ ဗြိတိန်က ကားပျက်တွေ ပြန်လည်တည်ဆောက်တဲ့ လုပ်ငန်း ဝက်ဘ်ဆိုက်တစ်ခုဟာ ထွက်ပြီးတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကား ၂၄ ကားကို ၂၄ ည ဆက်တိုက် ကြည့်နိုင်သူကို ဒေါ်လာ ၆၀၀ ကျော် ပေးသွားမယ်လို့ ကြေညာပါတယ်။ CarTakeBack ဝက်ဘ်ဆိုက်ဟာ ထူးထူးခြားခြား အလုပ်ကြော်ငြာတစ်ခု တင်ထားပါတယ်။

Photo: Eon Productions

License to Watch နာမည်နဲ့ ခေါ်နေတဲ့ ဒီလျှောက်လွှာဟာ ဂျိမ်းစ်ဘွန်းကားအားလုံးကို ၁၄ ည ဆက်တိုက်ကြည့်နိုင်သူတွေကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ လျှောက်မယ့်သူဟာ အသက် ၁၈ နှစ်နဲ့ အထက် ယူကေမှာ နေထိုင်သူ ဖြစ်ဖို့ လိုပြီး ဂျိန်းစ်ဘွန်းကားတွေ ကြိုက်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

ရုပ်ရှင်တစ်ကားချင်းနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ရေးမှတ်ဖို့ လက်တော့ပ်တစ်လုံးလည်း ရှိဖို့ လိုပြီး မေးခွန်းတစ်ချို့ ဖြေဖို့ လိုပါတယ်။ မေးခွန်းတွေကတော့ ဂျိန်းစ်ဘွန်းရဲ့ ဘယ်ရုပ်ရှင်ကားကို အကြိုက်ဆုံးလဲ ၊ နောက်ထွက်မယ့် ဂျိန်းစ်ဘွန်းကားမှာ ဘယ်သူ သရုပ်ဆောင်သင့်သလဲနဲ့ ဂျိမ်းစ်ဘွန်း နောက် Mission က ဘယ်နေရာမှာ ဖြစ်သင့်သလဲ စတာတွေ ဖြေရမှာပါ။

Source : Hot Wheels Collection

အရွေးခံရသူကို ရုပ်ရှင် ၂၄ ကားစလုံး အလကား ပေးသွားမှာ ဖြစ်ပြီး နှစ်ပတ်ကြာ ကြည့်ပြီးတာနဲ့ ယူရို ၅၀၀ လည်း ရမယ်လို့ဆိုပါတယ်။