R&B နဲ့ ဟစ်ဟော့သီချင်းလေးတွေ ကြိုက်နှစ်သက်ကြရဲ့လား။ နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားနာမည်ကြီးနေတဲ့ R&B နဲ့ ဟစ်ဟော့အဆိုတော်တွေထဲက ဘယ်အဆိုတော်ကို အကြိုက်နှစ်သက်ဆုံးလဲ။ ကိုယ့်အကြိုက်အဆိုတော်ရဲ့ သီချင်းတွေရဲ့ Top 1 To 10 အတွင်းမှာ ရပ်တည်နေရဲ့လားဆိုတာ တစ်ချက်လောက်ကြည့်လိုက်ရအောင်။

တစ်မှတစ်ဆယ်အတွင်း ရပ်တည်နေတဲ့ တစ်ပတ်အတွင်း အကောင်းဆုံး R&B နဲ့ ဟစ်ဟော့သီချင်းတွေကို နံပါတ်စဉ် တစ်ဆယ်ကနေ တစ်အထိ ဖော်ပြပေးသွားပါ့မယ်။

၁၀။ Better

အမေရိကန်အဆိုတော် Khalid ရဲ့ Better သီချင်းက နိုင်ငံတကာမှာ လူကြိုက်များတဲ့သီချင်းပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်တုန်းကဆိုတော့ Billboard စာရင်းထဲမှာ နံပါတ်နှစ်နေရာမှာ ရပ်တည်ခဲ့တဲ့သီချင်းပဲဖြစ်ပါတယ်။

Source: Vevo

၉။ A Lot

နံပါတ် ၉ နေရာမှာ ရပ်တည်နေတဲ့ A Lot သီချင်းကတော့ 21 Savage ရဲ့ သီချင်းပဲဖြစ်ပါတယ်။ ဖီးချဲရင်းကိုတော့ J. Cole က သီဆိုထားပါတယ်။ 21 Savage ရဲ့ I Am > I Was ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

Source: Vevo

၈။ Murder On My Mind

အမေရိကန် ရက်ပါတစ်ယောက်ဖြစ်တဲ့ YNW Melly ရဲ့ Murder On My Mind ကတော့ ထွက်ရှိတာ ကြာပြီဖြစ်ပေမယ့် ယခုအချိန်အထိ လူကြိုက်များနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Source: YNW Melly YouTube Official Account

၇။ Going Bad

Meek Mill နဲ့ Drake တို့ အတွဲညီညီသီဆိုထားတဲ့ Going Bad သီချင်းကလည်း သူတို့ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျနေခဲ့ပြီးခဲ့တာကြောင့် အခုဆို နံပါတ် ၇ နေရာကို တက်လှမ်းသွားတာပဲဖြစ်ပါတယ်။

Source: Meek Mill YouTube Official Account

၆။ Thotiana

ဒီသီချင်းလေးက ဇန်နဝါရီလ ၂၉ ရက်နေ့ကမှ ထွက်ရှိထားတဲ့သီချင်းပဲဖြစ်ပါတယ်။ Blueface နဲ့ Cardi B တို့ အတွဲညီညီသီဆိုထားတဲ့ ဟစ်ဟော့နဲ့ ရက်သီချင်းအမျိုးအစားပဲဖြစ်ပါတယ်။ Famous Cryp အယ်လ်ဘမ်ထဲက သီချင်းကောင်းတစ်ပုဒ်ပါ။

Source: Lyrical Lemonade

၅။ Sicko Mode

Travis Scott ဆိုရင် မသိသူမရှိလောက်အောင် ကျော်ကြားတဲ့သူတစ်ယောက်ပါ။ ရက်ပါတစ်ယောက်လည်းဖြစ်သလို၊ သီချင်းရေးဆရာ၊ ရက်ကော့ပရိုဂျူဆာတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ Sicko Mode သီချင်းက နံပါတ် ၅ နေရာမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒီသီချင်းကိုလည်း Drake က ဖီးချဲရင်း သီဆိုထားပါသေးတယ်။

Source: Vevo

၎။ Middle Child

ဇန်နဝါရီလ ၂၃ ရက်နေ့က ထွက်ရှိခဲ့တဲ့ J. Cole ရဲ့ Middle Child သီချင်းက အရင်အပတ်တုန်းက နံပါတ် ၂ နေရာမှာ ရပ်တည်နေရာကနေ ဒီတစ်ပတ်မှာတော့ နံပါတ် ၄ နေရာကို ဆင်းပေးလိုက်ရတာပါ။

Source: Vevo

၃။ Wow

Post Malone ရဲ့ Wow သီချင်းက ထွက်ရှိခဲ့တာကြာပြီဖြစ်ပေမယ့် အခုနောက်ပိုင်းကျမှ တဖြည်းဖြည်းနာမည်ကြီး လူကြိုက်များလာတဲ့သီချင်းပဲဖြစ်ပါတယ်။ သီချင်းရေးဆရာတွေကတော့ Austin Post ၊ Adam Feeney ၊ Louis Bell နဲ့ Billy Walsh တို့ပဲဖြစ်ပါတယ်။

Source: Post Malone YouTube Official Account

၂။ Sunflower

Post Malone နဲ့ Swae Lee တို့ သီဆိုထားတဲ့ Sunflower သီချင်းက အရင်အပတ်က နံပါတ်တစ်နေရာမှာ ရပ်တည်နေပြီး လူကြိုက်အများဆုံးသီချင်းဖြစ်ခဲ့တာပါ။ ဒါပေမဲ့ သီချင်းအသစ်ထပ်ထွက်လာတော့ နံပါတ် ၂ နေရာ ဆင်းပေးလိုက်ရပြန်ပါတယ်။ ဒီတစ်ပတ်မှာ နံပါတ် ၁ နေရာရပ်တည်နေတာ ဘယ်သီချင်းများဖြစ်နေမလဲ။

Source: Vevo

၁။ Please Me

သီချင်းရေးဆရာ ၇ ယောက် ရေးဖွဲ့ထားပြီး တကယ့်ဒိတ်ဒိတ်ကြဲအဆိုတော် နှစ်ယောက်ဖြစ်တဲ့ Bruno Mars နဲ့ Cardi B တို့ သီဆိုထားတဲ့ Please Me ဆိုတဲ့ R&B သီချင်းလေးက နံပါတ် ၁ နေရာမှာ ဗိုလ်စွဲနေတာပဲဖြစ်ပါတယ်။

Source: Cardi B YouTube Official Account

နောက်အပတ်တွေမှာလည်း ဘယ်သီချင်းက လူကြိုက်အများဆုံး သီချင်းဆယ်ပုဒ်ဖြစ်မလဲဆိုတာကို ဆက်လက်ဖော်ပြပေးသွားမှာမို့လို့ နားဆင်ခံစားပေးဖို့ မမေ့နဲ့ဦးနော်။