အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ်မှာတော့ ပေါ့ပ်သီချင်းအေးအေးလေးတွေကို ကြိုက်နှစ်သက်တဲ့ သီချင်းချစ်သူတွေအတွက် နံပါတ် တစ်မှ တစ်ဆယ်အတွင်းရပ်တည်နေတဲ့ ပေါ့ပ်သီချင်းအေးအေးလေးတွေကို ဖော်ပြပေးချင်ပါတယ်။ နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ ပေါ့ပ်သီချင်းလေးတွေပဲဖြစ်ပါတယ်။ အမှတ်စဉ် (၁၀) ကနေ (၁)အထိ အစဖော်ပြပေးသွားမှာဖြစ်လို့ ဘယ်သီချင်းတွေက နေရာယူဗိုလ်စွဲထားလဲဆိုတာ သိချင်ရင်တော့ အခုပဲ နားထောင်ကြည့်လိုက်ရအောင်။

၁၀။ Sweet But Psycho

သီချင်းခေါင်းစဉ်လေးရဲ့ အဓိပ္ပာယ်​ကိုက ဆွဲဆောင်နေတာပါ။ ချိုတော့ချိုမြိန်တယ်၊ ဒါပေမဲ့ ဆိုက်ကိုမလေးပါတဲ့။ သီဆိုထားတဲ့သူကတော့ အမေရိကန်အဆိုတော်မလေး Ava Max ပါ။ သီချင်းက တော်တော်လေးမိုက်ပါတယ်။ နားထောင်ကြည့်လိုက်ပါဦး။

Source: Ava Max YouTube Account

၉။ Better

Khalid သီဆိုထားတဲ့ Better သီချင်းကတော့ နံပါတ်ကိုးနေရာမှာ ရပ်တည်နေပါတယ်။ ဒီသီချင်းက ၂၀၁၈၊ စက်တင်ဘာလ ၁၄ ရက်နေ့ကတည်းက ထွက်ရှိထားတဲ့သီချင်းပဲဖြစ်ပါတယ်။

Source: Vevo

၈။ Happier

Marshmello နဲ့ Bastille တို့ရဲ့. Happier သီချင်းကလည်း အခုချိန်ထိ Top 1 To 10 နေရာကနေကို မဆင်းပေးသေးပါဘူး။

Source: Marshmello YouTube Account

၇။ Close To Me

Love Me Like You Do သီချင်းလေးရဲ့ အဆိုတော်ကို Ellie Goulding ကို ပေါ့ပ်ပရိသတ်တွေ အသည်းစွဲကြိုက်နှစ်သက်ကြမှာပါ။ ဒီတစ်ခါမှာလည်း သူမရဲ့သီချင်းက လူကြိုက်အများဆုံး နံပါတ် ၇ နေရာမှာ ရှိနေတာပါ။ သူမရယ် Diplo ရယ် သီဆိုထားပြီး ဖီးချဲရင်းအနေနဲ့က Swae Lee က ပါဝင်သီဆိုထားတာပါ။

Source: Vevo

၆။ Sunflower

Post Malone နဲ့ Swae Lee တို့ရဲ့ Sunflower သီချင်းကလည်း အခုအချိန်ထိ လူကြိုက်များနေဆဲဖြစ်ပါတယ်။

Source: Vevo

၅။ High Hopes

တစ်စုံတစ်ရာကြောင့် စိတ်ညစ်နေပါသလား (နှစ်စုံကို တစ်ရာ့ငါးဆယ်နဲ့ယူပါလို့ ပြောမလို့မဟုတ်ပါဘူး)။ စိတ်ညစ်တဲ့အချိန်၊ စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ Panic! At The Disco ရဲ့ High Hopes သီချင်းကို နားထောင်လိုက်ပါ။

Source: Panic! At The Disco YouTube Account

၎။ Thank U, Next

လူကောင်သေးသေးလေးပေမယ့် အသံအား အရမ်းကောင်းတဲ့ Ariana Grande ကတော့ သူမရဲ့ရည်းစားဟောင်းတွေကို ရည်ညွှန်းပြီးသီဆိုထားတဲ့သီချင်းတွေပါ။ သူမကို အချစ်၊ စိတ်ရှည်ခြင်း၊ နာကျင်ခြင်း စတာတွေကို သင်ကြားပေးခဲ့လို့ ကျေးဇူးတင်တယ်တဲ့လေ။ စာဖတ်သူတို့ရော သူမလို ကိုယ့်ရည်းစားဟောင်းတွေကို ကျေးဇူးတင်စိတ်ပေါက်ကြလား။

Source: Vevo

၃။ 7 Rings

Ariana ကတော့ ပေါ့ပ်ဘုရင်မလို့တောင် ပြောရမလားမသိဘူး။ Top 10 သီချင်းတွေထဲမှာ သူမရဲ့ သီချင်းက နှစ်ပုဒ်တောင်ပါ ပါတယ်။

Source: Vevo

၂။ Eastside

အဆိုတော်တွေကတော့ Halsey ၊ Khalid နဲ့ Blanco တို့ပဲဖြစ်ပါတယ်။ သမီးရည်းစားနှစ်ယောက်ရဲ့ အချစ်အကြောင်းကို ဖွဲ့ဆိုထားတာပဲဖြစ်ပါတယ်။ ဘာ့ကြောင့် နံပါတ် (၂) နေရာရောက်နေရလဲဆိုတာ သိချင်ရင်တော့ အခုပဲ နားထောင်ကြည့်လိုက်ပါ။

Source: Benny Blanco YouTube Account

 ၁။ Without Me

အမေရိကန် အဆိုတော်မလေး Halsey ရဲ့အသံက မှော်ဆန်တယ်လို့ပဲ ပြောရမလားမသိ၊ နားထောင်ပါ များလေ ထပ်နားထောင်ချင်စိတ်ပေါက်တဲ့ အသံပိုင်ရှင်မျိုးပါ။ သူမရဲ့ညှို့ငင်အားပြင်းတဲ့အသံနဲ့ လွမ်းဆွတ်မှုတွေပြည့်နှက်နေတဲ့သီချင်းစာသားတွေကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ Without Me သီချင်းက လူကြိုက်အများဆုံး နံပါတ် (၁) နေရာမှာ ဗိုလ်စွဲသွားပါတော့တယ်။

Source: Vevo