ဝိတ်ချဖို့ကြိုးစားနေသူတွေအတွက် အသီးအနှံတွေက အကောင်းဆုံးသော အစားအစာတွေဆိုတာ ငြင်းလို့မရပါဘူး။ သူတို့တွေမှာ အမျိုးမျိုးသော အကျိုးပြုအာဟာရတွေ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ဝိတ်ကျဖို့နဲ့ ရောဂါအမျိုးမျိုးကို ကာကွယ်ဖို့အတွက် အသုံးဝင်ပါတယ်။ ဒီနေ့တော့ ဝိတ်ချနေတဲ့ကာလမှာ စတော်ဘယ်ရီသီးစားပေးသင့်တဲ့ အကြောင်းအရင်းကို ပြောပြပေးသွားမှာပါ။

စတော်ဘယ်ရီသီး (၁၀၀) ဂရမ်မှာပါဝင်တဲ့ အာဟာရများ

ကယ်လိုရီ – ၃၃

ရေပါဝင်မှု – ၉၁ ရာခိုင်နှုန်း

ပရိုတင်း – ၀.၇ ဂရမ်

Carbs – ၇.၇ ဂရမ်

သကြား – ၄.၉ ဂရမ်

အမျှင်ဓာတ် – ၂ ဂရမ်

အဆီ – ၀.၃ ဂရမ်

အူသိမ်လှုပ်ရှားမှု လွယ်ကူစေတယ်

Source: The Indian Express

စတော်ဘယ်ရီသီးမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အစာချေစနစ်ကို မြှင့်တင်ပေးပြီး အူသိမ်လှုပ်ရှားမှုကိုလည်း လွယ်ကူစေအောင် ကူညီပေးပါတယ်။ စတော်ဘယ်ရီ တစ်ပန်းကန်ကို နေ့စဉ်စားပေးပါက ဝမ်းဗိုက်အဆီစုခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေတယ်

Source: Pritikin Longevity Center

လေ့လာမှုတွေအရ စတော်ဘယ်ရီသီးမှာ အဆီတွေကိုလောင်ကျွမ်းစေပြီး ဇီဝဖြစ်စဉ်ကိုမြှင့်တင်ပေးတဲ့ adiponectin နဲ့ leptin လို့ခေါ်တဲ့ အရေးကြီးတဲ့ ဟော်မုန်းနှစ်မျိုးထုတ်လုပ်ပေးတယ်လို့ ဆိုထားပါတယ်။

ကယ်လိုရီပမာဏနည်းပါးတယ်

Source: The Healthy

စတော်ဘယ်ရီသီးမှာ (၁၀၀) ဂရမ်မှာ ကယ်လိုရီပါဝင်မှုက (၃၃) သာရှိပါတယ်။ ဒါ့ကြောင့်လည်း ဝိတ်ချနေသူတွေရဲ့ အကြိုက်ဆုံးအစားအစာမှာပါဝင်နေတာပါ။

ကြွက်သားတွေပြုပြင်ပေးတယ်

Source: The San Diego Union-Triboune

စတော်ဘယ်ရီသီးရဲ့ anti-inflammatory ဂုဏ်သတ္တိတွေက Workout လုပ်တာများသွားတဲ့ ကြွက်သားတွေကို ပြန်လည်ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ချနေတဲ့သူတွေက စတော်ဘယ်ရီသီးကို ဒိန်ချဉ်နဲ့တွဲစားလို့ရသလို ဖျော်ရည်အနေနဲ့လည်း လုပ်သောက်လို့ရပါတယ်။ ဒါပေမဲ့ သင့်ရဲ့ကိုယ်အလေးချိန်ချတဲ့ အစီအစဉ်မပျက်စီးသွားအောင် စတော်ဘယ်ရီသီးကို အလွန်အကျွံမစားမိဖို့တော့ အရေးကြီးပါတယ်။