လေ့လာမူတွေအရ US မှာနေတဲ့လူတွေဟာ ဒေါ်လာ (၄၆.၃) ဘီလီယံလောက်ကို ဝိတ်ချဖို့အတွက် နှစ်စဉ်အသုံးပြုကြတယ်လို့ဆိုထားပါတယ်။
တစ်ချို့တွေကျတော့ အကူအစ္စည်းတွေအသုံးပြုပြီး ဝိတ်ချလေ့ရှိပေမယ့် တစ်ချို့တွေကျတော့ diet လုပ်ပြီး ဝိတ်ချလေ့ရှိကြပါတယ်။ Diet လုပ်တယ်ဆိုရာမှာ တစ်ချို့တွေက တစ်ခါမှမကြားဖူးတဲ့နည်းတွေ အသုံးပြုကြတာတွေလည်း ရှိကြတယ်။ ဒီနေ့ kwee ပြောပြပေးမယ့်အကြောင်းအရာကတော့ လူတွေလုပ်ကြလေ့ရှိတဲ့ ထူးဆန်းသော ဝိတ်ချနည်းတွေပါ။
Sleeping beauty diet

Source: Men’s Health
Sleeping beauty diet ဆိုတာကတော့ အိပ်ပြီးဝိတ်ချတာပါ။ လူတွေကအိပ်နေရင် အစာမစားတာကြောင့် ဝိတ်ကျတယ်ဆိုပြီး အတွေးရှိကြတာကြောင့် အခုလို Sleeping beauty diet ကိုလုပ်လေ့ရှိကြတာပါ။
ဒီဝိတ်ချနည်းကို နာမည်ကြီးအဆိုတော် Elvis Presley ကိုယ်တိုင် လုပ်ဖူးပါတယ်။ သူဟာ ဆေးအကူအညီယူပြီး ရက်အတန်ကြာ အစာမစားပဲ အိပ်နေခဲ့တာပါ။ ဒီ diet လုပ်နည်းရဲ့ ဆိုးကျိုးကတော့ နှလုံးရောဂါနှင့်ဆီးချိုရောဂါ ဖြစ်နိုင်ခြေ မြင့်မားတာပါပဲ။
Cigarette diet

Source: My FitnessPal
ဆေးလိပ်သောက်ပြီး diet လုပ်ခြင်းကတော့ ဆေးလိပ် ကုမ္ပဏီတခုဖြစ်တဲ့ Lucky Strike Cigarettes က ၁၉၂၀ ခုနှစ်မှာ မိတ်ဆက်ခဲ့တာပါ။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ အစာစားချင်စိတ်ကို လျှော့နည်းစေပေမဲ့ နှလုံးရောဂါနှင့်အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။
Hallelujah diet

Source: Dysfunctional Parrot
Hallelujah diet ဆိုတာကတော့ ကျမ်းစာမှာညွှန်ပြထားတဲ့အတိုင်း ဟင်းသီးဟင်းရွတ်တွေကိုပဲ အစိမ်းလိုက်စားခြင်းဖြစ်ပါတယ်။ ဒီနည်းဟာ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အဆီပိုတွေလည်း ရှိလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် တခုရှိတာက အာဟာရမညီမျှမှုတွေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ဒီ diet လုပ်နည်းက အသားငါး နဲ့ ပြုပြင်ထားတဲ့ အစားအစာတွေ စားလို့မရပါဘူး။
Vision diet

Source: Spoon University
ဒီ diet လုပ်နည်းကိုတော့ ၂၀၀၀ ပြည့်နှစ်မှာ ဂျပန်နိုင်ငံမှ လူတစ်ဦးက တီထင်ခဲ့တာပါ။ သူ့ရဲ့ထင်မြင်ယူဆချက်အရ အဝါရောင်နဲ့ အနီရောင်တွေက အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အပြာရောင်ကတော့ ပြောင်းပြန်အနေနဲ့ အစားစာချင်စိတ်ကို လျှော့ကျစေပါတယ်။
သူ့ရဲ့သီအိုရီကတော့ အပြာရောင် မျက်မှန်ကို ဝတ်ဆင်ခြင်းအားဖြင့် အစားအသောက်တွေကိုကြည့်လိုက်တာနဲ့ စားချင်စိတ် လျှော့နည်းလာစေခြင်းပါပဲ။ ဒါပေမယ့် ဒီနည်းက အလုပ်ဖြစ်မဖြစ်ကိုတော့ သက်သေပြထားခြင်းမရှိသေးပါဘူး။
Andy Warhol diet

Source: Artsy
ဒီ diet လုပ်နည်းကို Andy Warhol ဆိုတဲ့စာရေးဆရာက မိတ်ဆက်ပေးခဲ့တာပါ။ သူ့ရဲ့စာအုပ်တအုပ်ဖြစ်တဲ့ The Philosophy of Andy Warhol မှာသူဟာ စားသောက်ဆိုင်ကို ရောက်တာနဲ့ သူမကြိုက်မနှစ်သက်တဲ့ အစားအစာတွေကိုပဲ မှာလေ့ရှိကြောင်းရေးသားထားပါတယ်။ အနည်းငယ်စားပြီးတာနဲ့ အစားအသောက်တွေကို ပါဆယ်ထုပ်ပြီး အိမ်ပြန်လေ့ရှိပါတယ်။ ပါဆယ်ထုပ်လာတဲ့ အစားအစာတွေကိုတော့ အိမ်ခြေရာမယ့်တွေကို ပေးပစ်လေ့ရှိကြောင်း ပြောထားပါသေးတယ်။ သူကဒီနည်းနဲ့ ဝိတ်ချလေ့ရှိတာပါ။
