ဂျာမန်ကလပ်အင်းတစ်သင်းဖြစ်တဲ့ RB Leipzig ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်အထိ ရောက်ရှိနေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်မှုးဖြစ်သူ တီမိုဝါနာက အသင်းအတွက် ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

လာမယ့်ဘောလုံးရာသီမှာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမူရရှိထားပြီဖြစ်တဲ့ တီမိုဝါနာဟာ အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်လိုခြင်း မရှိကြောင်းသတင်းတွေက ဖော်ပြထားကြပါတယ်။

Source: Yahoo Sport Australia

UEFA က ဥရောပပြိုင်ပွဲတွေဖြစ်တဲ့ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို လာမယ့် ဩဂုတ်လမှာ အပြီးကျင်းပဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ဘွန်ဒက်လီဂါ ပြိုင်ပွဲဟာ ဇွန်လ (၂၇) ရက်နေမှာ ပြီးဆုံးမှာဖြစ်တာကြောင့် ဥရောပပြိုင်ပွဲတွေ မကျင်းပခင်အထိ တစ်လကျော် ကြားထဲမှာ ကွာဟနေပါတယ်။

Source: Sports Mole

တီမိုဝါနာဟာ လာမယ့် (၂၀၂၀-၂၀၂၁) ပရီးမီးယားလိဂ်ရာသီအတွက် ကြိုတင်ပြင်ဆင်ထားရန် ဘွန်ဒက်လီဂါပြီးဆုံးတာနဲ့ တစ်ပြိုင်နက် ချဲလ်ဆီးကို ပြောင်းရွှေ့လိုနေခြင်းဖြစ်တယ်လို့ Goal ကဖော်ပြထားပါတယ်။ နှစ်သင်းစလုံးဟာ တီမိုဝါနာရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုတွေ ယူထားကြပြီဖြစ်ကာ လိုအပ်တဲ့စာရွတ်စာတမ်းတွေလည်း ပြင်ဆင်မှုလည်း ပြီးဆုံးခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ တရားဝင် အပြောင်းအရွှေ့ပြီးမြောက်ကြောင်းကိုတော့ ဇွန်လ တတိယပက်တွင် ကြေညာဖွယ်ရှိနေပါတယ်။

Source: Daily Mail

ချဲလ်ဆီးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဝီလီယံနဲ့ပက်ဒရိုတို့ရဲ့အနာဂက်ဟာ မရေမရာဖြစ်နေတာကြောင့် လမ်းပက်အနေနဲ့ တိုက်စစ်ပိုင်းအားသန်တဲ့ ကစားသမား ထပ်ခေါ်ယူဖို့ စီစဉ်နေပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်တွေထဲမှာတော့ လေဗာကူဆင်မှ Kai Havertz, ဘရက်ဖို့ဒ်မှ Said Benrahma နှင့် ဗီလာရီရဲမှ Samuel Chukwueze တို့ပဲဖြစ်ပါတယ်။ နောက်တန်းကို အားဖြည့်ဖို့အတွက်လည်း ဘုန်းမောက်မှ Nathan Ake ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။