အရမ်းကိုကောင်းမွန်တဲ့ သီချင်းတွေနဲ့ နာမည်ကျော်ပြီး အောင်မြင်မှု များစွာရရှိခဲ့တဲ့ Westlife အဖွဲ့ကို မသိတဲ့လူ မရှိလောက်ပါဘူးလို့ ထင်ပါတယ်။ Westlife ဟာ ၁၉၉၈ ခုနှစ်တွင် အိုင်ယာလန်နိုင်ငံ၊ Sligo တွင်ဖွဲ့စည်းခဲ့သော အိုင်ယာလန် ပေါ့ပ်အဆိုတော်အဖွဲ့တစ်ခု ဖြစ်ပါတယ်။ Westlife အဖွဲ့ရဲ့ မူရင်း အဖွဲ့ဝင်တွေကတော့ Shane Filan၊ Markus Feehily၊ Kian Egan၊ Nicky Byrne နဲ့ Brian McFadden ပဲဖြစ်ပါတယ်။ Westlife အဖွဲ့ဟာ ၁၄ နှစ်ကြာ အောင်မြင်ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ခေတ္တဖျက်သိမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပြန်လည်ဆုံစည်းခဲ့ပါတယ်။ Westlife အဖွဲ့ရဲ့ လက်ရှိ အဖွဲ့ဝင်တွေကတော့ Shane Filan၊ Mark Feehily၊ Kian Egan နှင့် Nicky Byrne တို့ပဲဖြစ်ပါတယ်။ Westlife ရဲ့သီချင်းတွေဟာ ထွက်ရှိခဲ့တာ အချိန်တစ်ခုရှိနေပြီ ဖြစ်ပေမဲ့လည်း ဘယ်အချိန် နားထောင်သည်ဖြစ်ပါစေ ရိုးမသွားစေပါဘူး။ ဒါကြောင့် ကွီးတို့အတွက် ဒီပိတ်ရက်လေးမှာ Westlife အဖွဲ့ရဲ့ သီချင်းကောင်း တွေကို ပြန်လည်ခံစားနိုင်စေဖို့ သီချင်းအချို့ကို‌ ဖော်ပြပေးချင်ပါတယ်။

Westlife သီချင်းကောင်း

Photo : The Independent

(၁) World Of Our Own

Source : Westlife

Westlife အဖွဲ့ရဲ့ သီချင်းကောင်း တွေထဲက ပထမဆုံးဖော်ပြချင်တဲ့ သီချင်းကတော့ World Of Our Own ပဲဖြစ်ပါတယ်။ လှပစွာ ရေးဖွဲ့သီဆိုထားတဲ့ “World Of Our Own” သီချင်းခေါင်းစဉ်လေးအတိုင်း လက်တွေ့ကျကျ၊ အမြဲတမ်းထိပ်ဆုံးနေရာမှာ ‘ကျွန်ုပ်တို့ကိုယ်ပိုင်ကမ္ဘာ’ လေးဖြစ်လာမှာပါ။

(၂) My Love

Source : Westlife

၂၀၀၀ ခုနှစ် အောက်တိုဘာ ၃၀ မှာထွက်ရှိခဲ့တဲ့ My Love ဆိုတဲ့သီချင်းဟာ Westlife အဖွဲ့ရဲ့ ကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး သီချင်းထဲကတစ်ပုဒ်ပါ။ လှပတဲ့သံစဉ်တွေနဲ့ My Love ဆိုတဲ့သီချင်းလေးကို ပြန်လည်နားဆင်ခံစား ကြည့်ရအောင်။

(၃) Flying Without Wings

Source : Westlife

နောက်ထပ် နားဆင်လို့ကောင်းတဲ့ Westlife ရဲ့သီချင်းကောင်းလေးတစ်ပုဒ်ကတော့ Flying Without Wings ပဲဖြစ်ပါတယ်။

(၄) I Lay My Love on You

Source : Westlife

I Lay My Love on You ဆိုတဲ့ သီချင်းကောင်း လေးကိုတော့ ကွီးတို့တော်တော်များများ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ဘယ်အချိန်နားဆင်သည်ဖြစ်ပါစေ မရိုးသွားတဲ့ ဒီသီချင်းလေးကိုလည်း ၂၀၀၀ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

(၅) When You’re Looking Like That

Source : Westlife

Westlife အဖွဲရဲ့ အနည်းငယ်မြူးကြွတဲ့ သံစဉ်တွေနဲ့ နားဆင်ခံစားလို့ကောင်းတဲ့ သီချင်းကောင်း လေးကတော့ When You’re Looking Like That ပဲဖြစ်ပါတယ်။

(၆) I Have a Dream

Source : Westlife

Westlife ရဲ့ သီချင်းကောင်းလေးတွေကို ပြန်လည်နားဆင်ခံစားတဲ့ နေရာမှာ ဒီ I Have a Dream ဆိုတဲ့ သီချင်းလေးကို ထည့်သွင်းဖို့မမေ့ပါနဲ့။

(၇) Hello My Love

Source : Westlife

ဒီ Hello My Love ဆိုတဲ့ သီချင်းလေးကတော့ Westlife အဖွဲရဲ့  ၂၀၁၉ မှ ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကိုလည်း နားဆင်ခံစားကြည့်ရအောင်။

ကွီးတို့ တစ်ပတ်တာ ပင်ပန်းခဲ့သမျှ အမောတွေကို ဒီပိတ်ရက်လေးမှာ Westlife အဖွဲ့ရဲ့ သီချင်းကောင်း လေးတွေ နားထောင်ရင်း အပန်းဖြေလိုက်ပါ။

Featured Photo : Flickr