အားလုံးပဲ မင်္ဂလာပါ။ အခုပြောပြသွားမယ့် ဆောင်းပါးရဲ့ခေါင်းစဉ်ကို ဖတ်ကြည့်လိုက်ပြီးတော့ စာဖတ်သူရဲ့ အင်္ဂလိပ်စာအရည်အချင်းကို နှိမ်တာ၊ အထင်သေးတယ်လို့ မထင်လိုက်ပါနဲ့နော်။

အချို့သူတွေအနေနဲ့ ဘာသာစကားတစ်ခုကို ဘာပြောရမလဲ အရင်စဉ်းစားနေတာထက် ယုံကြည်ချက်ရှိရှိပြောဆိုလိုကြပါတယ်။ လူတိုင်းကတော့ တစ်နာရီအတွင်းမှာ စာသင်လိုက်ပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောလာတတ်တာမဟုတ်ပါဘူး။

ဒါကြောင့် ကိုယ့်ရဲ့အင်္ဂလိပ်စာ အပြောအရည်အချင်းကို တိုးတက်စေမယ့် နည်းလမ်းကောင်းလေး လေးခုကို ဝေမျှပေးချင်ပါတယ်။

၁။ ကိုယ့်ရဲ့သိမ်ငယ်စိတ်တွေအားလုံးကို ဖယ်ရှားပစ်ပါ။

Source: CITE – WordPress.com

ဦးစွာအနေနဲ့ လူတွေအရှေ့မှာ စကားပြောဖို့အတွက် မဝံ့မရဲဖြစ်နေတဲ့ သင့်ရဲ့စကားပြောနိုင်စွမ်းအား သံသယဖြစ်တာကို ရပ်တန့်ရပါမယ်။ ကိုယ့်ရဲ့သတ္တိကို ကိုယ်ယုံကြည်ပြီး စကားပြောပါ။ လူတွေက သင့်ရဲ့အင်္ဂလိပ်စာစွမ်းရည်ကို လှောင်ပြောင်ခဲ့ရင်တောင်မှ အကောင်းဖက်ကမြင်ပြီး ကြိုးစားလိုက်ပါ။

၂။ အင်္ဂလိပ်ရုပ်ရှင်တွေကြည့်ပါ

Source: camdenac.com

ရုပ်ရှင်ဇာတ်လမ်းတွဲတွေဖြစ်ဖြစ်၊ ကာတွန်းကားပဲဖြစ်ဖြစ် အင်္ဂလိပ်ရုပ်ရှင်ကားတွေကို ကြည့်ခြင်းဖြင့် အကြားစွမ်းရည်ကိုလည်း တိုးတက်စေနိုင်သလို သူတို့ရဲ့ ပြောပုံဆိုပုံတွေကိုလည်း လေ့လာပြီးသားဖြစ်သွားပါလိမ့်မယ်။

၃။ အခြားသူတွေပြောတာကို နားထောင်ပါ။

Source: West Island Blog

နားထောင်ခြင်းဟာ အပြောစွမ်းရည်အတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။ ကိုယ့်အနီးအနားပတ်ဝန်းကျင်က လူတွေရဲ့ ပြောပုံဆိုပုံ၊ အသံထွက်ပုံတွေကို သေချာနားထောင်ပါ။ စာကြောင်းတွေကို ဘယ်လိုဆောက်တည်လဲဆိုတာကို သေသေချာချာ လေ့လာပါ။

၎။ အလွန်အကျူးမဖြစ်ပါစေနဲ့

Source: Evan Marc Katz

ကိုယ်စကားပြောတဲ့ ပုံစံနဲ့ပတ်သက်လို့ အစိုးရိမ်လွန်သွားတဲ့အခါ ပြောလိုက်တဲ့စကားတွေကလည်း ဗလုံးဗထွေးဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်စကားပြောတာနဲ့ပတ်သက်လို့ ယုံကြည်မှုရှိဖို့လိုပါတယ်။ မှန်မှမှန်ပါ့မလားလို့ ဘာမှမတွေးဘဲ ရဲရဲကြီးပြောလိုက်ပါ။

Featured Image Source: in.askmen.com