ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာဟာ သူတို့ရဲ့ မနက်ခင်းခင်းကို ကော်ဖီတစ်ခွက်နဲ့ စတင်ကြတယ်။ တစ်နိူင်ငံနဲ့တစ်နိူင်ငံ ကော်ဖီသောက်တဲ့ ဓလေ့ချင်းမတူညီကြပါဘူး။ တစ်နိုင်ငံချင်းစီမှာ ထူးခြားတဲ့ ဓလေ့ရှိကြတယ်။ kwee page ကနိုင်ငံတစ်ချို့ရဲ့ မတူညီတဲ့ ကော်ဖီဓလေ့ကို ပြောပြပေးသွားမှာပါ
ဥကော်ဖီ (ဗီယက်နမ်)

ဒီကော်ဖီမှာ အဓိကပါဝင်တာကတော့ ဥအနှစ်၊ သကြား၊ ကော်ဖီပူပူ နဲ့ နို့ဆီ တို့ပဲဖြစ်ပါတယ်။
Lapland coffee (ဖင်လန်)

ဒေသထွက် ချိစ်ကို ကော်ဖီမထည့်ခင် အရင်ထည့်ပြီး ဖျော်လေ့ရှိပါတယ်။
Espresso (အီတလီ)

အီတလီမှာ Espresso ကို ရှောက်သီးထည့်ပြီး သောက်ပါတယ်။
Lagrima (အာဂျင်တီးနား)

အမြှုပ်တွေထနေတဲ့ နွားနို့ခွက်ထဲမှာ ကော်ဖီပြင်းပြင်းလေးထည့်ပြီး သောက်ကြတယ်။
Bonbon coffee (စပိန်)

Bonbon coffee ဟာတကယ်တော့ Espresso ပါပဲ။ ဒါပေမယ့် နို့ဆီထည့်ပြီးဖျော်လေ့ရှိပါတယ်။
Spiced coffee (မော်ရိုကို)

ဒီကော်ဖီကို ဟင်းခတ်အမွေးအကြိုင်တွေ ရောကြိတ်ပြီး ထည့်လေ့ရှိပါတယ်။ ဟင်းခတ်အမွေးအကြိုင်တွေကတော့ နှမ်းစေ့၊ ငရုတ်ကောင်းမုန့် နဲ့ ဇာတိပ္ဖိုလ်သီးပဲဖြစ်ပါတယ်။
ကော်ဖီလက်ဖက်ရည် (ဟောင်ကောင်)

ကော်ဖီကို နွားနို့လက်ဖက်ရွတ်နဲ့ ရောပြီးဖျော်သောက်ပါတယ်။
Frappé (ဂရိစ်)

Frappé ကော်ဖီကို ကော်ဖီ၊ ရေခဲမုန့်၊ နို့ဆီနဲ့ရေအေး အသုံးပြုပြီး ဖျော်ရပါတယ်။
Pharisäer (Germany)

ဒီကော်ဖီကို ဂျာမန်တွေက တီထွင်ခဲ့တာပါ။ မိသားစုတွေ့ဆုံစဉ်မှာ အရက်ကို လူမသိအောင် သောက်ဖို့အတွက် ကော်ဖီထဲကို အရက်ထည့်သောက်ခဲ့ကြပါတယ်။ ကော်ဖီထဲကို ခရင်မ်နဲ့ရမ်ထည့်ပြီး ဖျော်လေ့ရှိပါတယ်။
ကြက်သွန်ဖြူနှင့်ပျားရည်ဖြင့်ဖျော်ရတဲ့ ကော်ဖီ (တူရကီ)

လိမ္မော်သီးနဲ့ဖျော်ရတဲ့ကော်ဖီ (ဂျမေကာ)

လိမ္မော်သီးအပြင် ဂျမေကာ ကော်ဖီမှာ ရိုးရာရမ် ပါထည့်ပြီး ဖျော်လေ့ရှိပါတယ်။
Source: Bright Side
