ကွန်ဒုံးဆိုတာကတော့ လိင်မှုကိစ္စမှာမပါမဖြစ်တဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ ကွန်ဒုံးတွေမှာ အမျိုးသားသုံးနှင့် အမျိုးသမီးသုံးဆိုပြီး နှစ်မျိုးရှိပါတယ်။ လိင်ဆက်ဆံတဲ့အခါတိုင်းမှာ ကွန်ဒုံးတွေကို အသုံးပြုရမှာဖြစ်ပြီး ကွန်ဒုံးတွေဟာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါများ (STIs) ကို ကာကွယ်ပေးနိုင်ပြီး ကာလတို သားဆက်ခြားနည်းတစ်ခုအနေနဲ့ ကိုယ်ဝန်မရအောင်တားဆီးပေး နိုင်စွမ်းရှိပါတယ်။

များသေားအားဖြင့် အမျိုးသားသုံးကွန်ဒုံးတွေက ပိုပြီးလွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်တဲ့အတွက်ကြောင့် အသုံးအများဆုံး ဖြစ်ပါတယ်။ အမျိုးသားသုံးကွန်ဒုံးတွေထဲမှာ ရွေးချယ်စရာ ပုံစံအမျိုးအမျိုး ၊ အမျိုးအစားအမျိုးမျိုး ရှိကြပြီး ဆေးဆိုင်များ ၊ Convenience စတိုး နဲ့ သားဆက်ခြား ဆေးခန်းတွေမှာ လွယ်ကူသက်သာစွာ ဝယ်ယူရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတိုင်းသိထားသင့်တဲ့ ကွန်ဒုံးအသုံးပြုခြင်းရဲ့ ကောင်းကျိုးတွေအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။

condom

Photo : Healthline

ကွန်ဒုံးအသုံးပြုခြင်းရဲ့ ကောင်းကျိုးများကတော့…

(၁) Sexually Transmitted Infections (STIs) လို့ခေါ်တဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်းရှိတယ်။

(၂) နောက်ဆက်တွဲဆိုးကျိုးမရှိတဲ့အတွက် အမျိုးသမီး သို့မဟုတ် အမျိုးသားရဲ့ အနာဂတ်မျိုးပွားမှုစနစ်ကို ထိခိုက်မှုမရှိနိုင်ဘူး။

(၃) လိင်ဆက်ဆံတဲ့ အချိန်အတောအတွင်းမှာပဲ အသုံးပြုရတာဖြစ်ပြီ အချိန်ကုန်အလုပ်ရှုပ်သက်သာစေတယ်။

(၄) ဆရာဝန်ထောက်ခံချက်မလိုပဲ လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲနိုင်တယ်။ သားဆက်ခြားနည်းတွေထဲကမှ ကုန်ကျစရိတ်အသက်သာဆုံးဖြစ်ပြီး ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်တယ်။

(၅) အမျိုးသားတို့အတွက် သုတ်လွှတ်စောခြင်းပြဿနာကို လျော့ချပေးနိုင်တယ်။

condoms

Photo : Healthline

(၆) မွေးလမ်းကြောင်း၊ ပါးစပ်နဲ့ စအိုတို့ဖြင့် လိင်ဆက်ဆံရာမှ ကူးစက်နိုင်တဲ့ STI/STD စတဲ့ ကူးစက်ရောဂါတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်တယ်။

(၇) စနစ်တကျအသုံးပြုခြင်းဖြင့် ကိုယ်ဝန်ရနိုင်ခြေ ၉၈ ရာခိုင်နှုန်းအထိ စိတ်ချရတယ်။

(၈) အရွယ်အစားသေးငယ်တဲ့အတွက် မည်သည့်နေရာမှာမဆို မသိမသာ ယူဆောင်သွားလို့ လွယ်ကူတယ်။

(၉) STI/STD နဲ့ မရည်ရွယ်ဘဲ ကိုယ်ဝန်ရနိုင်ခြေမှန်သမျှကို ကာကွယ်တားဆီးပေးတဲ့အတွက် လိင်ဆက်ဆံချိန်မှာ စိတ်ဖိစီးမှုနည်းစေပြီး စွမ်းဆောင်ရည်တိုးစေတယ်။

(၁၀) ကွန်ဒုံးသုံးခြင်းဟာ သင့်ကိုယ်သင်နဲ့ သင်ရဲ့ဆက်ဆံအပေါ် ဘယ်လောက်အထိ တာဝန်ယူမှုရှိကြောင်းကို ပြသရာရောက်ပြီး သင်နဲ့ သင့်ပါတနာရဲ့ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချမှုရရှိစေမှာပဲ ဖြစ်ပါတယ်။

condoms

Photo : Healthline

တချို့ကတော့ ကွန်ဒုံးတွေကို ရှက်စရာလို့တွေးတက်ကြသလို လိင်ဆက်ဆံရာမှာ ခံစားမှု လျော့စေတဲ့အတွက် အသုံးမပြုကြတာမျိုးတွေရှိပါတယ်။ ဒါဟာ ကိုယ်အိမ်ထောင်ဘက် / ဇနီးသည်နဲ့ ဆိုရင် ပြဿနာမရှိပေမယ့် တခြားဆက်ဆံဖော်တစ်ယောက်ယောက်နဲ့ ဆိုရင်တော့ သေချာပေါက် ကွန်ဒုံးအသုံးပြုဖို့ လိုအပ်ပါတယ်။

Latex (ရော်ဘာ) ကွန်ဒုံးနဲ့ ဓာတ်မတည့်တဲ့ တချို့အမျိုးသားတွေအနေနဲ့ Polyisoprene (ပလက်စတစ်) ကွန်ဒုံးကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ မှန်ကန်တဲ့ ကွန်ဒုံးဆိုဒ်ကိုရွေးချယ်မှသာလျှင် ဆက်ဆံစဉ် ကွဲထွက်ခြင်း ၊ လွတ်ထွက်ခြင်းများ မရှိစေမှာပါ။ အကယ်၍ လိင်ဆက်ဆံနေစဉ်မှာ ကွန်ဒုံး လွတ်ထွက် / ကွဲထွက်သွားတယ်ဆိုပါက ပိုမိုစိတ်ချမှုရှိစေဖို့ အရေးပေါ်သန္ဓေတားဆေးသောက်နိုင်ပါတယ်။

Featured Photo : Healthline