အပြောကောင်းတဲ့သူတွေကို လူတွေ သဘောကျပါတယ်။ ဒါပေမဲ့ ကိုယ့်စကားကို သေချာအာရုံစိုက် နားထောင်တတ်တဲ့ နားထောင်သူကောင်းတွေကို ပိုလို့ ချစ်ခင်နှစ်သက်ကြပါတယ်။ နားထောင်သူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါပေမဲ့ Good Listener တစ်ယောက်ဖြစ်လာရင် အခုပြောမယ့် အကျိုးကျေးဇူးတွေ ရတော့တာပါပဲ။
(၁) လူတွေရဲ့ ယုံကြည်မှုရတယ်

Photo: Freepik
ဒါကတော့ အသိသာဆုံး အကျိုးကျေးဇူးဖြစ်ပါလိမ့်မယ်။ ဘယ်သူမဆို ကိုယ့်စကားကို ဖြောင့်ဖြောင့်မတ်မတ် နားထောင်တတ်သူ ၊ ကိုယ့်ကို နားလည်တဲ့သူကို သဘာဝအားဖြင့် ယုံကြည်စိတ်ချမှုရှိတာပါပဲ။ ဒီတော့ လူတွေ ကိုယ့်ကို ယုံကြည်မှုရှိလာဖို့ စကားလည်း ဆိုတတ်ဖို့ လိုသလို နားလည်းထောင်တတ်ဖို့ လိုပါလိမ့်မယ်။
(၂) အလုပ်ပိုတွင်ကျယ် ထိရောက်လာမယ်

Photo: Freepik
တစ်ဖက်သားရဲ့ စကားကို သေချာသိအောင် နားထောင်တတ်သူဟာ ဆက်ဆံရေးပိုကောင်းတယ်ဆိုတာ သိပြီးပါပြီ။ နောက်ထပ်ရတဲ့ အကျိုးက အလုပ်မှာ တစ်ယောက်စကားကို တစ်ယောက်သေချာ ရှင်းရှင်းလင်းလင်း နားလည်ခြင်းအားဖြင့် အလုပ်အတူတူ လုပ်ရာမှာ ပိုလို့ ရလဒ်ကောင်းလာပါတယ်။ အလုပ်လုပ်ရတာလည်း ပိုပြီး မြန်ဆန် ထိရောက်လာပါတယ်။
(၃) ပြဿနာအဖြေရှာရာမှာ ပိုပြီး အဆင်ပြေလာမယ်

Photo: Freepik
အငြင်းအခုံဖြစ်ရမယ့် ကိစ္စမျိုးမှာတောင် တစ်ယောက်အသံကို တစ်ယောက် သေချာသိနားလည်အောင် လုပ်ထားခြင်းအားဖြင့် တစ်ဖက်လူရဲ့ အမြင်နဲ့ ခံစားမှုကို သေချာသိပြီး ညှိလို့ ရလာနိုင်ပါတယ်။ လူမှုဆက်ဆံရေးမှာ ပြဿနာတက်ကြတဲ့ ကိစ္စအများအပြားဟာ တစ်ယောက်ရဲ့ သဘောထားကို တစ်ယောက်က သေချာနားမလည်လို့ ဖြစ်နေကြတာ များပါတယ်။
