အိပ်ရေးပျက်ခြင်း ၊ စိတ်ဖိစီးမှုများခြင်းစတဲ့ အခြေအနေတွေက အစားအသောက်အလွန်အကျွံစားချင်စိတ်ကိုဖြစ်ပေါ်စေနိုင်သလို အစားစားချင်စိတ်လွန်ကဲရတဲ့ တခြားအကြောင်းအရင်းတွေလည်း များစွာရှိပါတယ်။ အစားသောက်အလွန်အကျွံစားခြင်းဟာ မကျန်းမာတဲ့လူနေမှုပုံစံကို ဦးတည်နေပြီး အဝလွန်ခြင်းနဲ့ နာတာရှည်ရောဂါတွေဖြစ်နိုင်ဖို့ အလားအလာပိုများပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ပုံမှန်မဟုတ်တဲ့ အစားစားချင်စိတ်လွန်ကဲမှုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ဖုန်း / တီဗီတွေ ပိတ်ထားပါ

Limiting distractions
Photo : Pinterest

အစားစားတဲ့အခါ ဖုန်းလေးသုံးရင်း တီဗီလေးကြည့်ရင်းမှ စားတက်တယ်ဆိုရင်တော့ အခုကစပြီး ဒီအကျင့်ဆိုးကို ရပ်တန့်လိုက်ပါ။ အစားစားနေချိန်မှာ ဖုန်း / တီဗီတွေ အသုံးပြုတာဟာ စိတ်အာရုံထွေပြားစေပြီး ပုံမှန်ထက် ပမာဏအများကြီး စားမိစေနိုင်ပါတယ်။  ဒါကြောင့် အစားစားချိန်အတွင်း အာရုံပြောင်းစေမယ့်အရာတွေကို ကန့်သတ်ထားသင့်ပါတယ်။

(၂) ရေခဲသေတ္တာကို ရှင်းထားပါ

Man Open Fridge
Photo : iStock

ကိုယ်က ပုံမှန်ထက် အစားစားချင်စိတ်လွန်ကဲနေချိန်မှာ ပိုစားမိအောင်သွေးဆောင်နေတဲ့ အရာတွေကို ကန့်သတ်ထားဖို့ လိုပါလိမ့်မယ်။ အများအားဖြင့် ရေခဲသေတ္တာ ၊ ကြောင်အိမ်လို အစားအသောက်တွေ သိမ်းဆည်းထားတဲ့နေရာတွေမှာ တက်နိုင်သလောက် သရေစာနဲ့စားစရာတွေကို မထည့်မိအောင် ကိုယ့်ကိုယ်ကို ကန့်သတ်ထားသင့်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် စားစရာတွေအဆင်သင့်မြင်နေရရင်တော့ ပိုစားမိနိုင်ခြေများမှာပါ။

(၃) အမျှင်ဓာတ်များများစားပါ

man Eat Healthy on a Budget

Photo : Men’s Journal

လေ့လာမှုတွေအရ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဟာ အချိန်တော်ကြာ ဗိုက်ပြည့်စေတာကြောင့် မကြာခဏစားမိခြင်းနဲ့ အစားအလွန်အကျွံစားချင်စိတ်ကို လျော့ချပေးနိုင်ပါတယ်။

(၄) အချိန်မှန်စားပါ

 man Maintaining a Healthy Digestive System

Photo : Vital Everyday

မနက်စာ နေ့လည်စာနဲ့ ညစာတွေကို အချိန်မှန်စားပေးဖို့ လိုပါတယ်။ မနက်စာ မစားဖြစ်ဘူး ၊ အစားစားချိန် ပုံမှန်မရှိပဲ ဗိုက်ဆာချိန်မှထစားမယ်ဆိုရင် မဆင်မခြင်စားမိစေဖို့ ရာခိုင်နှုန်းပိုများပါတယ်။ အဓိကကတော့ မနက်စာကကိုအလွတ်မခံဖို့တဲ့ ကျန်၂ နပ်ကိုလည်း အချိန်မှန် စားပေးဖို့ပဲ ဖြစ်ပါတယ်။

(၅) စိတ်ဖိစီးမှု လျှော့ချပါ

 man Reduce Stress & Anxiety

Photo : Vital Everyday

စိတ်ဖိစီးမှုဟာ အလွန်အကျွံစားခြင်းနဲ့ အဝလွန်ခြင်းတို့ကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်လို့ လေ့လာသူတွေကဆိုထားပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ ဟော်မုန်းအပြောင်းအ လဲတွေဖြစ်လာစေပြီး ဆာလောင်မှုကိုပိုဖြစ်စေတာကြောင့် အလွန်အကျွံစားချင်တဲ့စိတ်ကို ဖြစ်စေနိုင်တာပါ။ ဒါကြောင့် နေ့စဉ်ဘဝမှာ တက်နိုင်သလောက်စိတ်ဖိစီးမှုနည်းအောင် နေထိုင်သင့်ပါတယ်။

Featured Photo : Medical News Today