ခါနာခြင်းဝေဒနာကို လူတော်တော်များများခံစားဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီလိုခါနာရခြင်းရဲ့ အကြောင်းအရင်းကိုတော့ လူသိနည်းကြတယ်။ ဒီနေ့ kwee page ကခါးနာရခြင်းရဲ့ အကြောင်းအရင်းကို ပြောပြပေးသွားမှာပါ။
အလုပ်အကိုင်

Source: Gizmodo-Australia
တစ်နေကုန် ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ထိုင်ခုံပေါ်မှာပဲ ထိုင်ပြီးအလုပ်လုပ်တဲ့ လူတွေဟာ ခါးနာခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒီလိုပဲ တစ်နေကုန် ကုန်း၊ကွ၊ဆွဲ၊တင်၊မ၊ချ စတဲ့ ကျောကိုအလုပ်ပေးရတဲ့အလုပ်တွေ လုပ်နေတဲ့လူတွေလည်း ခါးနာခြင်းကို ခံစားရနိုင်ပါတယ်။
ဒီအလုပ်တွေက ရေရှည်အတွက်ဆိုရင် ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒါပေမယ့်ရွေးချယ်စရာမရှိဘူးဆိုရင်တော့ အလုပ်ခွင့်အတွင်းမှာ ကျန်းမာနေအောင် ဘယ်လိုနေရမလဲဆိုတာကို နည်းလမ်းရှာသင့်ပါတယ်။
အဝလွန်ခြင်း

Source: Back-in-Balance-Clinic
အဝလွန်နေမယ် ကိုယ်အလေးချိန်များနေမယ်ဆိုရင် ခါးက အလေးချိန်အမြောက်အများကို သယ်ဆောင်ထားရတာကြောင့် ခါးနာခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ ကိုယ်အလေးချိန်များနေခြင်းက ခါးပေါ်မှာသာမက အဆစ်တွေပေါ်မှာလည်း ဖိအားတွေသက်ရောက်နိုင်ပါတယ်။
အသက်အရွယ်

Source: Pain Medicine Consultants
ခါးနာခြင်းဟာ အသက်ကြီးတဲ့လူတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဇီဝဖြစ်စဉ်တွေဟာ ခါးနာခြင်းကို ပိုအားပေးလာပါတယ်။ အသက်၃၀နဲ့အထက်ရှိနေပြီဆိုရင်တော့ ခါးနာနိုင်ချေပိုများတာကြောင့် ဂရုစိုက်ပေးသင့်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှုများ

Source: H-Wave
ကိုယ်လက်လှုပ်ရှားမလုပ်ခြင်းက ခါးနာစေပါတယ်။ အသုံးမပြုတဲ့ ကြွက်သားတွေဟာ အားနည်းလာပြီး ခန္ဓာကိုယ်ကို ကောင်းကောင်းမထောက်ပံ့နိုင်တော့ပါဘူး။ အချိန်တော်တော်ကြာ လှုပ်လှုပ်ရှားရှားမရှိဘဲနေလာရာကနေ ချက်ချင်းကြီး အလွန်အကျွန် ခန္ဓာကိုယ်ကို အလုပ်ပေးလိုက်ရင် ခါးနာသွားနိုင်ပါတယ်။ ခန္ဓာကိုယ်ကို သိပ်အလုပ်မပေးတဲ့ အပျော့စားလေ့ကျင့်ခန်းတွေကိုသာ ဖြည်းဖြည်းသက်သာလုပ်သွားပါ။
အခြားရောဂါများရှိနေခြင်း

Source: Medical News Today
ရောဂါတွေရှိနေတဲ့လူတစ်ယောက်ဟာ ရောဂါကင်းစင်နေတဲ့လူထက်တော့ ခါးနာနိုင်ခြေပိုများမှာပါ။ ထိုရောဂါတွေမှာ ကင်ဆာလည်း အပါအဝင်ဖြစ်ပါတယ်။ အချို့ကင်ဆာတွေဟာ ကျောရိုးကိုပြန့်နှံ့သွားပြီး ခါးနာစေနိုင်ပါတယ်။
