ယနေ့ခေတ်မှာ ဖုန်းကို လူတိုင်းနီးပါး အသုံးပြုလာနေကြပါပြီ။ ဒါဟာ မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပေမယ့် တချို့လူတွေအတွက်တော့ လိုတာထက် ပိုပြီး စွဲလမ်းသွားတဲ့အခါ စိတ်ရောဂါအခြေအနေအပြင် ကျန်းမာရေးနဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒီနေ့ kwee page က ဖုန်းအလွန်အကျွံ အသုံးပြုခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများအကြောင်း ပြောပြပေးသွားမှာပါ။

မျက်စိကျန်းမာရေး

Source: Hoax-Slayer

မျက်စိ ညောင်းကိုက်တာ၊ မျက်စိနာတာ၊ ပူစပ်ပြီး ယားယံတာ၊ မျက်စိအမြင်အာရုံ မှုန်လာတာ၊ မျက်စိညောင်းတာ၊ ခေါင်းမူးလာတာတွေဟာ ဖုန်းကို မျက်စိနဲ့ အမြဲ အားစိုက်ပြီး ကြည့်နေသူတွေမှာ မကြာခဏတွေ့ရတတ်တဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

ညအိပ်မပျော်ခြင်း

Source: The Guardian

ဖုန်းကို အသုံးပြုနေရတာကြောင့်ရော၊ ညအမှောင်ထဲမှာ ဖုန်းအလင်းရောင်ကို အကြာကြီးကြည့်နေတဲ့အခါ မျက်စိကို ထိခိုက်စေတဲ့အပြင် အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာ၊ အိပ်စက်ဖို့ အချိန်ကြာမြင့်တာတွေ ဖြစ်နိုင်ပါတယ်။

ယာဉ်တိုက်မှုဖြစ်ခြင်း

Source: Jebaily Law Firm

ယာဉ်မောင်းတဲ့သူတွေ မကြာခဏ ဖြစ်တတ်တဲ့ မတော်တဆမှုတွေရဲ့ အကြောင်းရင်းထဲမှာ ဖုန်းအသုံးပြုခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဖုန်းမျက်နှာပြင်ကို အာရုံစိုက်နေမိတဲ့အခါ ယာဉ်မောင်းကိုရော၊ တခြား လမ်းသွားလမ်းလာ ပြည်သူတွေကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။

အရိုးအကြော

Source: Medium

ခေါင်းကို အမြဲအောက်စိုက်ပြီး ဖုန်းကို ငုံ့ကြည့်နေရတာကြောင့် ဇက်ကြောတက်တာ၊ ပုခုံး၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ၊ ကျီးပေါင်းတက်တာ၊ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့အတွက် အရိုးအဆစ်တွေ ပျော့ခွေလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။