စမတ်ဖုန်းစွဲလမ်းမှုရဲ့ ထင်ရှားတဲ့ ဆိုးကျိုးတစ်ခုကတော့ ဆိုးကျိုးတွေရှိနေတယ်ဆိုတာ သိနေပေမယ့် အမြဲမပြတ်အသုံးပြုချင်တာပါပဲ။ ဥပမာ ကားမောင်းရင်း ဖုန်းအသုံးပြုတာ အန္တရာယ်ရှိတာသိပေမယ့် အသုံးပြုတာတွေပေါ့။ စမတ်ဖုန်းစွဲလမ်းမှုကြောင့် တခြားလူမှုရေးပြဿနာတွေ ကျန်းမာရေးပြဿနာတွေ အများကြီးရှိနေပါသေးတယ်။ ဒီနေ့ဆောင်းပါးမှာ ဒီဆိုးကျိုးတွေကို ပြောပြပေးသွားမှာပါ။

စိုးရိမ်စိတ်တွေ တိုးပွားစေတယ်

Source: The Independent

လေ့လာမှုအရ လုပ်ငန်းခွင်ထဲမှာ ဖုန်းအသုံးပြုတဲ့လူတွေဟာ ပိုပြီးစိုးရိမ်ပူပန်မှုတွေ ရှိနေပြီးတော့ အလုပ်တာဝန်တွေ ပြီးမြောက်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ ဖုန်းအသုံးပြုတာ များလေလေ စိုးရိမ်စိတ်တိုးပွားလာလေလေ ပါပဲ။

စိတ်ဖိစီးမှုကို ဆိုးရွားစေတယ်

Source: CTV News

တစ်ခါတစ်လေ အိမ်မှာ အင်တာနက်ဖွင့်ပြီး ဖုန်းသုံးတဲ့အခါမှာ အလုပ်ကမက်ဆေ့တွေ အီးမေးတွေ ဝင်လာတက်ပါတယ်။ အလုပ်ကိစ္စအတွက်ဆိုရင် လူတွေက ဝင်ပြီးဖတ်ကြည့်လေ့ရှိကြတယ်။ ဒီလိုဖြစ်ဖန်များလာတဲ့အခါမှာ အလုပ်နားရက်တွေ ကောင်းမွန်စွာ မနားရတာကြောင့် စိတ်ဖိစီးမှုတွေ ဝင်လာတက်ပါတယ်။

ဖုန်းမလာဘဲ မြည်သံကြားတယ်

Source: The Stallion

မီချီဂန်ရှိ တက္ကသိုလ်တစ်ခုက ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာတော့ စမတ်ဖုန်းစွဲလမ်းနေသူတွေဟာ ဖုန်းတကယ်မလာဘဲနဲ့ ဖုန်းမြည်သံ၊ တုန်ခါမှုတွေကို ကြားနေ၊ ခံစားနေရတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို တစ်ကြိမ်ထက်မနည်း ကြုံတွေ့နေရတယ်ဆိုရင် သင်ဟာ စမတ်ဖုန်းကို အတော်လေးစွဲလမ်းနေပါပြီ။

အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်စေတယ်

Source: Healthline

စမတ်ဖုန်းနဲ့ အင်တာနက်သုံးသူတွေအနက် သုံးပုံတစ်ပုံဟာ ညရောက်တိုင်း ဖုန်းကိုသုံးလေ့ရှိပါတယ်။ ညတစ်ရေးနိုး ဖုန်းပွတ်ပြီး ဖေ့စ်ဘုတ်သုံးတာက တကယ်ကိုမကောင်းပါဘူး။ ဒီလိုနဲ့ပဲ အိပ်မပျော်တော့ဘဲ ကျန်းမာရေးထိခိုက်လာလိမ့်မယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။