ရုပ်ချောအောင် လုပ်လို့ရသလားဆိုရင် ဖြစ်နိုင်ပါတယ်လို့ ဖြေလို့ ရပါတယ်။ တကယ်တော့ ရုပ်ချောတယ်ဆိုတာ ဘရက်ဒ်ပစ်တို မျက်နှာကျမျိုး ရှိမှ ချောတယ်လို့ ပြောတာ မဟုတ်ပါဘူး။ အလှအပဆိုတာ သင့်ကိုယ်သင် ဂရုစိုက်ခြင်းရဲ့ရလဒ်တစ်ခုဖြစ်လို့ သင့်ရုပ်နဲ့သင့်ကိုယ်ကို နည်းနည်းလောက် Care လုပ်ပေးရင် ငေးလောက်အောင် မချောရင်တောင် ကြည့်ရတာမပျင်းတဲ့ မျက်နှာပိုင်ရှင်ဖြစ်လာမှာ အမှန်ပါပဲ။

လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကို သူ့ရဲ့ အလေ့အထနဲ့ နေထိုင်စားသောက်မှုပုံစံက အဆုံးအဖြတ်ပေးပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး Look Better ဖြစ်ချင်သူတွေအတွက် အရိုးရှင်းဆုံး နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) တစ်ရက် ရေ၁ ဂါလန် သောက် ၊ Skincare လေး ပုံမှန်လုပ်

Stay-Hydrated

Photo: NextLuxury

တစ်ရက်ကို အနည်းဆုံး ရေ ၄ လီတာ သောက်တဲ့အကျင့်ကို တစ်လလောက် လုပ်ကြည့်ပါ။ ကိုယ်ရည်စစ်ပြီး မျက်ကွင်းညိုတာ ၊ မျက်အိတ်ကျတာ ၊ အသားအရည်ညစ်တာတွေ ပျောက်ပြီး နုပျိုစိုပြေလာပါလိမ့်မယ်။ ယောင်္ကျားတစ်ယောက်အဖို့ Skincare လုပ်တယ်ဆိုတာ အရှုပ်ကြီးလို့ ထင်စရာရှိပါတယ်။ တကယ်က Skincare အတွက် Products လေးမျိုး ရှိရင်ကို အဆင်ပြေပါတယ်။ အဲ့ဒါတွေကတော့ မျက်နှာသစ်ဆေး Face Wash ၊ ဆဲလ်သေတွေ ဖယ်ရှားပေးမယ့် Exfoliant ၊ SPF ပါ နေကာခရမ်နဲ့ ညနေခင်းသုံး အစိုထိန်းခရမ် Moisturizer လောက်ပါပဲ။

(၂) Exercise လေး တချို့လုပ်

Get some exercise

Photo: Adult Man

သင့်မျက်နှာထက် သင့် Body က သင့်ရုပ်ရည်ကို ပိုပြီး ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဖက်ရှင်နဲ့ စတိုင်မိမှုဆိုတာ သင့်ကိုယ်လုံးကိုယ်ပေါက်ကောင်းတဲ့လူတွေအတွက် သိပ်မခက်ပါဘူး။ ကျစ်လျစ်ပြီး တောင့်တင်းလှပတဲ့ Body ရဖို့ဆို ကိုယ်လက်လေ့ကျင့်ခန်းတွေကကူညီပေးနိုင်ပါတယ်။ အားကစားပုံမှန်လုပ်တာ ရုပ်ပိုင်းကြံ့ခိုင်ရုံတင်မဟုတ်ဘဲ စိတ်ပါ ကြည်လင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုမြင့်လာစေနိုင်ပါတယ်။

(၃) အရက်သေစာရှောင်

Cut down on the booze

Photo: NextLuxury

အရက်သေစာနဲ့ ဆေးလိပ်သောက်စားမှုက သင့်ရုပ်ရည်ကို ဖျက်ဆီးနိုင်ပါတယ်။ ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်တွေ နဲ့ အရက်သေစာ သောက်သုံးမှုဟာ မျက်နှာမှာ ဝက်ခြံနဲ့ အမဲစက်တွေ ပိုထွက်စေနိုင်တယ်လို့ သုတေသနတွေက ဆိုပါတယ်။ ဝက်ခြံတွေက ကြာရင် အမာရွတ်တွေ ဖြစ်ပြီး အရုပ်ဆိုးစေမှာ အမှန်ပါပဲ။ နောက်တစ်ချက်က အရက်သောက်ခြင်းက အရေပြားဆဲသစ်တွေ ဖြစ်ပွားမှုကို လျော့ကျစေနိုင်ပြီး အသားအရည် ရင့်ရော်အိုမင်းလွယ်စေပါတယ်။

(၄) စတိုင်ကို မြှင့်

Improve your style

Photo: Adult Man

အဝတ်အစားဝတ်တဲ့စတိုင်ကလည်း သင့်ရုပ်ရည်ကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ ဖက်ရှင်မိအောင် ဝတ်တတ်သူအဖို့ Looking Good ဖြစ်ဖို့ မခက်ပါဘူး။ ခေတ်နဲ့အညီလည်း ဝတ်ဖို့လိုသလို ဘယ်တော့မှ မရိုးတဲ့ Timeless Style နဲ့လည်း နေထိုင်ဖို့ လိုပါတယ်။ တချို့အဝတ်အစားတွေက ကိုယ်နဲ့ အမြဲအဆင်ပြေတတ်လို့ Brand ကို ကြည့်ပြီး ရွေးဝယ်သင့်သလို Instagram ပေါ်က Men’s Style တွေလည်း လေ့လာသင့်ပါတယ်။

Featured Photo: apetogentleman