မျက်လုံးအတွက် ဗီတာမင် အေ၊ စီ၊ အီး တွေအပြင် omega 3 fatty acids, သတ္တုဓာတ်တွေ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ (antioxidants) လိုအပ်ပါတယ်။ မျက်လုံးအတွက် လိုအပ်တဲ့အာဟာရ ဓာတ်တွေအများစုကိုတော့ ဟင်းသီးဟင်းရွက်တွေ၊သစ်သီးတွေနဲ့ အမြစ်တွေကနေရရှိနိုင်ပါတယ်။

ဒီနေ့ kwee ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ လှပတဲ့ မျက်ဝန်းလေးတစ်စုံ ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုအစားအသောက်တွေ စားသုံးပေးရမလဲဆိုတာပါပဲ။

ဆာလ်မွန်ငါး

Source: BBC Good Food

လူတွေရဲ့ မျက်ကြည်လွှာကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် omega-3 fatty acids တွေ လိုအပ်ပြီး အဆိုပါ omega-3 fatty acids တွေကို ဆာလ်မွန်ငါး၊ တူနာငါးနဲ့ အခြားသော ပင်လယ်စာတွေကနေ ရရှိနိုင်ပါတယ်။

Fatty acids တွေ ချို့တဲ့ရင် မျက်စိခြောက်ကပ်ခြင်းကို ဖြစ်လာစေနိုင်ပါတယ်။ ဆာလ်မွန်ငါးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက မြင်လွှာကို ကာကွယ်ပေးနိုင်တာမို့ အမြင်အာရုံ ဆုံးရှုံးခြင်းကနေ ကင်းဝေးစေပါတယ်။ ဒါကြောင့် တပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် ငါးဟင်းစားပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

အဆီမပါတဲ့ အသားများ

Source: Healthline

အဆီမပါတဲ့ အသားတွေ နဲ့ ကြက်သား၊ဘဲသား တွေမှာ ဇင့်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ ပရိုတင်း နဲ့ သံဓာတ်အစရှိတဲ့ အမြင်အာရုံကို ပိုမိုကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဗီတာမင် အေ ကို အသည်းကနေတဆင့် မြင်လွှာကို ရောက်ရှိအောင် ဇင့်ဓာတ်က ကူညီပို့ဆောင်ပေးပါတယ်။

သံဓာတ်ဟာ မျက်စိယိုယွင်းပျက်စီးခြင်းကို ကာကွယ်ပေးတဲ့အတွက် အသက်ကြီးလာ သည့်တိုင် သင့်အမြင်အာရုံ ကောင်းနေစေမှာပါ အနီရောင်အသားတွေ ဖြစ်တဲ့ အမဲသား၊ ဝက်သား (သို့) သိုးသားတွေထက်စာရင် ကြက်သား၊  ဘဲသား၊ ငန်းသားစတာတွေကို ပိုပြီးစားသုံးသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

ငရုတ်ပွ

Source: Food Network

ငရုတ်ပွမှာ ဗီတာမင် စီ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အမြင်အာရုံကို အထောက်အပံ့ပေးတဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။ငရုတ်ပွဟာ မျက်လုံး သွေးကြောတွေ အတွက်လည်း အထူးကောင်းမွန်အကျိုးရှိတဲ့အပြင် အတွင်းတိမ်ဖြစ်ပွါးမှုကိုလည်း လျော့ကျစေတယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။ ဒါ့အပြင် ငရုတ်ပွမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအမြောက်အများနဲ့ ဗီတာမင်ဓာတ်တွေက မျက်လုံးကို ကူညီပြီးကာကွယ်ပေးပါသေးတယ်။

မျက်စိကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဟင်းသီးဟင်းရွက်၊ သစ်သီး နဲ့ အမြစ်တွေကနေ သဘာဝအတိုင်း ရရှိနိုင်တာမို့ ဒီအစားအစာတွေကို စနစ်တကျရွေးချယ်စားသုံးကြဖို့ အကြံပေးချင်ပါတယ်။