ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်းသည် အသက်ရှည်ကျန်းမာပြီး မိမိချစ်ခင်သူများနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့ ကူညီပေးပါတယ်။ ကိုယ်ခံစွမ်းအားသည် ပြင်ပမှ ကပ်ပါးပိုးများ၊ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် မှိုများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာအောင် တားဆီးပေးတဲ့အပြင် ကင်ဆာဆဲလ်များနှင့် အကျိတ်များ ပွားများလာခြင်းကိုလည်း ကန့်သတ်ပေးထားပါတယ်။

အချို့ယောကျာ်းများကတော့ မြင့်မားတဲ့ကိုယ်ခံစွမ်းအားနဲ့အတူ မွေးဖွားလာရသလား ထင်မှတ်ရလောက်အောင် ကံကောင်းတတ်ကြပြီး အချို့ကတော့ ကိုယ်ခံစွမ်းအား ချို့တဲ့တဲ့အတွက်ကြောင့် ဖျားနာခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ကို မကြာခဏဆိုသလို ခံစားရလေ့ရှိပါတယ်။

သင် စားသောက်တဲ့အစားအသောက်နှင့် လူနေမှုပုံစံသည် သင့်ရဲ့ကိုယ်ခံစွမ်းအားအပေါ် အကျိုးသက်ရောက်မှုအများအပြားရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်စွာနေထိုင်ပါကလည်း စိတ်ဖိစီးမှုများကို လျော့ပါးသက်သာစေပါတယ်။

တကယ်လို့ သင်သည် မကြာခဏ ဖျားနာသလို ခံစားနေရတယ် ကိုယ်ခံစွမ်းအား နည်းနေပြီလားခံစားရတယ်ဆိုရင်တော့ ဒီအချက်တွေက တရားခံတွေပါပဲ။

အိပ်ရေးမဝခြင်း

tips for men who want to boost their immune system

အိပ်ရေးဝဝ အိပ်စက်အနားယူနိုင်မှသာလျှင် သင့် ခန္ဓာကိုယ်သည် သူ လိုအပ်တဲ့ စွမ်းအင်ပမာဏကို ရရှိမှာဖြစ်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးကာ ကျန်းမာနေစေအောင် ကူညီပေးပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်း

tips for men who want to boost their immune system

လူ့ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းသည် ရေဓာတ်ဖြင့် ဖွဲ့စည်းထားတာပါ။ သင့်ခန္ဓာကိုယ်သည် လုံလောက်တဲ့ ရေဓာတ်ကို ရရှိပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

အစာအာဟာရ မမျှတခြင်း

tips for men who want to boost their immune system

အစာ အာဟာရများ မျှတစုံလင်စွာ စားသုံးခြင်းသည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သလို အစာ အာဟာရ ချို့တဲ့ပါကလည်း ကိုယ်ခံဏစွမ်းအား ကျဆင်းသွားတတ်ပါတယ်။ ဓာတုပစ္စည်းများနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာများ၊ မလတ်ဆတ်သော အစားအစာများ၊ အဆီ၊ အဆိမ့်များသော အစားအစာများ စားသုံးခြင်းသည် သင့်ရဲ့ကိုယ်ခံစွမ်းအားကို ကျဆင်းစေနိုင်ပါတယ်။

စိတ်ဖိစီးမှု

tips for men who want to boost their immune system

အလုပ်ကြောင့် ရရှိတဲ့ စိတ်ဖိစီးမှုများ၊ မိမိရဲ့ကိုယ်ပိုင်ရည်မှန်းချက်ကြောင့် ဖြစ်တည်လာတဲ့ စိတ်ဖိစီးမှုများသည် အိပ်စက်မှုကို လျော့ကျစေပြီး ရလာဒ်အနေနဲ့ သင့်ရဲ့ကိုယ်ခံစွမ်းအားကို ကျဆင်းစေပါတယ်။ စိတ်ဖိစီးမှုခံစားရပါက ခန္ဓာကိုယ်ရှိ Cortisol ပမာဏများ အလွန်အကျွံ ထွက်ရှိသွားပြီး ကိုယ်ခံစွမ်းအားကို ထောက်ပံ့ပေးတဲ့ အာဟာရဓာတ်များ ထွက်ရှိမှုကို လျော့ကျစေပါတယ်။

လေ့ကျင့်ခန်း မပြုလုပ်ခြင်း

tips for men who want to boost their immune system

လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်စေရုံသာမကဘဲ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။ သွေးလှည့်ပတ်မှုအားလည်း ကောင်းမွန်လာပါတယ်။ လေ့ကျင့်ခန်းမပြုလုပ်ပါက ဆန့်ကျင့်ဘက်ရလာဒ်များကို ခံစားရနိုင်ပါတယ်။

အထက်ဖော်ပြပါအချက်များထဲက ဘယ်နှချက်လောက် သင်နဲ့ တိုက်ဆိုင်နေပါသလဲ။ သင် ကိုယ်ခံစွမ်းအား ကျဆင်းရခြင်းသည် ထိုအချက်များကြောင့် ဖြစ်ပါတယ်။

Source: Ampfloracel.com

Featured Image Source: Depositphotos.com