နှလုံးဟာ လူခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ နှလုံးရောဂါတွင် ပုံစံမျိုးစုံရှိပြီးနှလုံးရောဂါဖြစ်ပွားစေနိုင်သော အကြောင်းအရင်းတွေ အများကြီးရှိနေပါတယ်။
ဒီနေ့ kwee page က နှလုံးရောဂါဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဆေးလိပ်သောက်ခြင်း

Source: Rappler
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကိုပဲ ထိခိုက်စေတာမဟုတ်ပါဘူး။ နှလုံးရောဂါဖြစ်ပွား နှုန်းကိုမြင့်တက်စေပါတယ်။
လေ့လာမှုများအရ ဆေးလိပ်သောက်ခြင်းသည် နှလုံးခုန် နှုန်းကိုမြန်စေပြီး သွေးကြောများကိုမာစေပြီး နှလုံးရဲ့ လှုပ်ရှားမှုကိုအခက်အခဲဖြစ်စေပါတယ်။
အဝလွန်ခြင်း

Source: Intermountain Healthcare
အဆီများသောအစားအစာများကို အလွန်အကျွံစားသုံးခြင်းဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။
အဝလွန်ခြင်းသည်သွေးတွင်း အဆီဓာတ်ကို များစေပြီး သွေးတိုး၊ ဆီးချိုနှင့် နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်းဟာ နှလုံးရောဂါကိုဖြစ်စေသော အခြားနာတာရှည်ရောဂါများကိုဖြစ်စေပါတယ်။
ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

Source: American Heart Association
ကိုယ်လက်လှုပ်ရှားမှုနည်းသောသူများဟာ ပုံမှန်အားကစား လုပ်သူများထက်နှလုံးရောဂါဖြစ်ပွားနှုန်းပိုများပါတယ်။ အားက စားပုံမှန်လုပ်ပါကကယ်လိုရီများကိုလောင်ကျွမ်းစေပြီးသွေးတွင်း ကိုလက်စထရောကို ထိန်းပေးပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်နှင့် သွေးတွင်း သကြားဓာတ်ကိုထိန်းညှိပေးပါတယ်။ အားကစားကို ဖြေးဖြေးနှင့် ပုံမှန်လုပ်သွားပါက နှလုံးကြွက်သားလုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။
ဆီးချို

Source: Excela Health
ဆီးချိုလူနာများတွင် သွေးတိုးနှင့် အဝလွန်ရောဂါများရှိနိုင်တဲ့ အတွက်ကြောင့် နှလုံးရောဂါနှင့်လေဖြတ်နှုန်းမြင့်တက်နိုင်ပါတယ်။ အကောင်းဆုံး အကြံပေးချင်တာကတော့ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း စတဲ့အလေ့အကျင့်တွေကို ရှောင်ရှားပေးပါ။ အထက်ပါ ဖော်ပြထားတဲ့ အကြောင်းအရာတွေကြောင့် နှလုံးရောဂါမဖြစ်အောင် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲပြီး တားဆီးကာကွယ်နိုင်ပါတယ်။
