လိင်စိတ်နည်းပါးခြင်းဆိုတာ အမျိုးသားတွေ‌ရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ လိင်မှုကိစ္စအပေါ် ပုံမှန်ထက် စိတ်အားထက်သန်မှုနည်းပါးတာဟာ တစ်ခါတစ်ရံ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်အခြေအနေတစ်ခုလို့ ပြောနိုင်ပေမယ့် ရေရှည်မှာတော့ ကိုယ်ရဲ့ လက်တွဲဖော်နဲ့ ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်လာစေနိုင်ပါတယ်။ များသောအားဖြင့် လိင်စိတ်ဆန္ဒလျော့နည်းရခြင်းဟာ ဟော်မုန်းအပြောင်းအလဲနဲ့ နေထိုင်မှုပုံစံအမှားတွေကြောင့် ဖြစ်လေ့ရှိပါတယ်။ နောက်ထပ်ဘယ်လိုအချက်တွေက ကွီးတို့ကို လိင်စိတ်ဆန္ဒလျော့ကျမှုကို ဖြစ်စေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုများခြင်း

Common Causes of Low Libido

Photo : Medium

စိတ်ဖိစီးနေချိန်ဆိုရင် ဘယ်အရာကိုမှ ကောင်းကောင်းအာရုံစိုက်လို့ မရနိုင်ဘူးမလား။ ဒီလိုပါပဲ စိတ်ဖိစီးမှုတွေဟာ လိင်စိတ်ဆန္ဒအပေါ်မှာလည်း သက်ရောက်မှု ရှိစေပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းအတက်အကျကို ဖြစ်စေပြီး လိင်စိတ်ဆန္ဒကိုလျော့ နည်းသွားစေတာပါ။ အမျိုးသားတွေမှာ ကာလကြာရှည် စိတ်ဖိစီးမှုခံစားနေရပြီဆိုရင် လိင်အင်္ဂါထောင်မတ်နိုင်စွမ်းကိုပါ လျော့ကျလာစေနိုင်ပါတယ်။

(၂) ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်း

Common Causes of Low Libido
Photo : Her Way

ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုနဲ့ ယုံကြည်မှု နည်းပါးတဲ့အမျိုးသားတွေမှာ လိင်စိတ်နည်းပါးတဲ့ ပြဿနာ အဖြစ်များပါတယ်။ တစ်ခါတစ်လေကျွန်တော်တို့ အမျိုးသားတွေမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်နဲ့ ပတ်သတ်ပြီး ယုံကြည်မှုမရှိတာ ၊  ကိုယ့်ကိုယ်ကို ဆွဲဆောင်မှုမရှိဘူးလို့ ခံစားရတာမျိုးတွေ ဖြစ်တက်ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို အဆိုးထင်မြင်ချက် ၊ သတ်မှတ်ချက်တွေကပဲ လိင်မှုကိစ္စအပေါ်  စိတ်အားထက်သန်မှုနည်းလာစေပြီး ပြည့်စုံပျော်ရွှင်ရတဲ့ လိင်မှုဘဝနဲ့အလှမ်းဝေးလာစေမှာ ဖြစ်ပါတယ်။

(၃) နာတာရှည်ရောဂါနဲ့ ဆေးဝါးများမှီဝဲရခြင်း

Common Causes of Low Libido

Photo : Doctor Shoes

တချို့သော နာတာရှည်ရောဂါတွေနဲ့ ဒီရောဂါတွေအတွက် မှီဝဲသောက်သုံးရတဲ့ ဆေးဝါးတွေဟာ လိင်စိတ်ဆန္ဒလျော့နည်းမှုကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ သွေးတိုး ၊ ဆီးချို ၊ နှလုံးနဲ့ ကင်ဆာ စတဲ့ရောဂါတွေအတွက်သောက်ရတဲ့ ဆေးဝါးတချို့ဟာ အမျိုးသားတွေရဲ့ libido ကို ကမောက်ကမဖြစ်စေပြီး လိင်စိတ်နည်းပါးလာစေမှာ ဖြစ်ပါတယ်။

(၄) အိပ်ရေးပျက်ခြင်း

Common Causes of Low Libido
Photo : Harvard University

ကောင်းမွန်တဲ့ အိပ်စက်မှုပုံစံမရှိခြင်းဟာ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းရာကျန်းမာရေးကို များစွာထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အမျိုး သားတွေမှာ အိပ်ရေးပျက်များတဲ့အခါ cortisol ပမာဏကို မြှင့်တက်စေပြီး ၎င်းက ကာမရာဂစိတ်ဆန္ဒတက်ကြွမှုကို လျော့နည်းစေတာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အနေနဲ့ တစ်ရက်မှာ အိပ်ချိန် ၇ နာရီ ပြည့်ပြည့်ဝဝအိပ်စက် အနားယူပေးဖို့ အရေးကြီးပါတယ်။

(၅) လက်တွဲဖော်နဲ့ အဆင်မပြေတဲ့ ဆက်ဆံရေးရှိခြင်း

Common Causes of Low Libido

Photo : Charak

လက်တွဲဖော်နဲ့ မကြာခဏ ရန်ဖြစ်စကားများခြင်း ၊ ပြဿနာတွေကြားမှာပဲ အချိန်ကုန်နေရပြီး တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆက်ဆံမှုနည်းခြင်းတွေဟာလည်း အိပ်ရာပေါ်က ချစ်ရေးချစ်ရာကိစ္စတွေအတွက် ကြီးမားတဲ့အနှောက်ယှက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဦးသား ဆက်ဆံရေးကို ပိုမိုပြေလည်အောင် ညှိနှိုင်းဆွေးနွေးပြီး ရင်းနှီးမှုကိုတည်ဆောက်နိုင်မယ်ဆိုရင်တော့ လိင်မှုကိစ္စမှာလည်း အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ အိမ်ထောင်ရေးသုခပြည့်စုံသာယာစေမှာ ဖြစ်ပါတယ်။

Featured Photo : Metropol