ဖိနပ်အရောင်ရွေး မှန်ကန်ခြင်းက သင့်ရဲ့ စမတ်ကျမှုကို သိဒ္ဓိတင်ပေးနိုင်ပါတယ်။ အထူးသဖြင့် Suit လိုမျိုး Formal ကျကျ ဝတ်ရတဲ့ အဝတ်အစားတွေနဲ့ တွဲဝတ်ချိန်မျိုး မှာ ဖြစ်ပါတယ်။ Suit တွေထဲကမှ လူကြိုက်အများဆုံး အရောင်တွေနဲ့ တွဲဖက်ဝတ်သင့်တဲ့ ဖိနပ်ကာလာတွေကို Kwee ပရိတ်သတ်ကြီးအတွက် မျှဝေတင်ဆက်လိုက်ပါတယ်။

(၁) အနက်ရောင် Suit နဲ့ ဝတ်ရမယ့် Shoes တွေ

Photo: The Trend Spotter

အမျိုးသားတိုင်း အကြိုက်တွေ့တဲ့ Suit ကာလာတွေ ထဲမှာ အနက်ရောင်လည်း ပါပါတယ်။ Black Suit ဝတ်မယ်ဆိုရင် ရိုးရှင်းပြီး Sleek ဖြစ်တဲ့ ဒီဇိုင်းကို ရွေးချယ်ဖို့ လိုပါတယ်။ Black Suit ဝတ်မယ်ဆိုရင် Black Shoes တွေ ရွေးချယ်သင့်ပါတယ်။ အညိုရောင် Loafer တွေလည်း ဝတ်သင့်ပါတယ်။အနက်ရောင် အနောက်တိုင်း ဝတ်စုံနဲ့ တွဲဝတ်မယ့် ဖိနပ်ဟာ တောက်ပသားနားနေဖို့တော့ လိုပါတယ်။

(၂) Navy Suit နဲ့ ဝတ်ရမယ့် Shoes တွေ

Photo: The Trend Spotter

Navy Suit က Black Suit လို ဖိနပ်မရွေးပါဘူး။ အနက်ရောင် ၊ အညိုရောင်နဲ့ နီညိုရောင် Leather Shoes တွေ ရွေးဝတ်လို့ ရပါတယ်။ နက်ပြာရောင် Suit တွေနဲ့ လိုက်ဖက်တဲ့ ဖိနပ်တွေကတော့ Oxford shoe ၊ Brogue shoe နဲ့ Loafer တို့ ဖြစ်ပါတယ်။

(၃) Dark Grey Suit နဲ့ ဝတ်ရမယ့် Shoes တွေ

Photo: The Trend Spotter

Grey suit ဝတ်မယ်ဆိုရင် Burgundy Shoes တွေ ရွေးစီးသင့်ပါတယ်။ အထူးသဖြင့် Semi-Formal ပွဲတွေအတွက် ဖြစ်ပါတယ်။ အနက်ရောင် ဒါမှမဟုတ် အညိုရောင် ကာလာတွေ စီးပေးနိုင်ပါတယ်။ လယ်သာကာလာမျိုးနဲ့ လည်း တွဲစီးနိုင်ပါတယ်။

(၄) Beige Suit နဲ့ ဝတ်ရမယ့် Shoes တွေ

Photo: The Trend Spotter

အရောင်ဖျော့ဖျော့ အသားရောင် ခရင်မ်ကာလာတွေကို Formal ပွဲတွေမှာ အဝတ်များပါတယ်။ ဖျော့တဲ့ ကာလာဖြစ်လို့ ဖိနပ်အဖြူနဲ့ တွဲဝတ်သင့်ပါတယ်။ Oxford Shoes တွေနဲ့ ပေါလစ်ရှ်တင်သလောက် တောက်နေတဲ့ Brogues နဲ့ Loafers တွေ စီးသင့်ပါတယ်။ အညိုဖျော့ဖျော့ / လယ်သာအညိုနုရောင် ဖိနပ််တွေလည်း စီးနိုင်ပါတယ်။