ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ လူတစ်ယောက်ဟာ စီးပွားရေးနယ်ပယ်မှာဖြစ်စေ၊ လူမှုရေးနယ်ပယ်မှာဖြစ်စေ အောင်မြင်မှုတွေရရှိနိုင်မှာဖြစ်ပါတယ်။ လူတိုင်းနဲ့အဆင်ပြေအောင် ပေါင်းသင်းနိုင်ဖို့က မလွယ်ကူလှပါဘူး။

လူ့အကြိုက်သိဖို့လိုအပ်ခြင်း

Source: Tameday

အခါးကြိုက်တဲ့သူကိုအခါးပေး၊ အချိုကြိုက်တဲ့သူကိုအချိုပေးဆိုတဲ့အတိုင်း လူအများနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါမှာ လိုက်လျောညီထွေနေတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ စိတ်နေသဘောထားကိုလည်း သိရှိနားလည်ဖို့လိုအပ်ပါတယ်။

အကူအညီပေးဖို့မတုံ့ဆိုင်းပါနဲ့

Source: Financial Bin

ကိုယ့်ရဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေ အကူအညီတွေလိုအပ်နေတဲ့အချိန်မျိုးမှာ မိမိအနေနဲ့ တတ်နိုင်သလောက်အကူအညီမျိုးကိုပေးဖို့ ဝန်မလေးသင့်ပါဘူး။ လိုအပ်တဲ့အကူအညီမျိုးကိုမပေးဘဲ မျက်နှာလွှဲနေတာမျိုးဟာ မိတ်ဆွေကောင်းတစ်ယောက်ရဲ့ အမူအကျင့်မဟုတ်ပါဘူး။

နားထောင်ပေးတတ်ပါစေ

Source: Jeff Mowatt

မိတ်ဆွေ၊ သူငယ်ချင်းတွေ စိတ်ဆင်းရဲဒုက္ခရောက်နေချိန်မျိုးမှာ သင်ဟာသူတို့အတွက် စိတ်ချရတဲ့ရင်ဖွင့်ဖော်တစ်ယောက်ဖြစ်နေဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ပူပင်မှုတွေကို သင့်ဆီမှာရင်ဖွင့်လိုက်ခြင်းဖြင့် အပူတွေလျှော့သွားအောင် ကူညီပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ပါစေ။

ကိုယ်ချင်းစာနာတတ်ပါ

Source: InfoQ

တဖက်သားဆင်းရဲဒုက္ခရောက်နေချိန်မှာ ကိုယ်နဲ့မဆိုင်ပေမယ့် သူတို့အပူတွေအပေါ်မှာ စာနာနားလည်ပေးနိုင်တဲ့သူ တစ်ယောက်ဖြစ်ပါစေ။ ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး ကိုယ်တတ်နိုင်တဲ့ဖက်က တတ်စွမ်းသရွှေ့ ကူညီဖေးမပေးခြင်းဖြင့် ပတ်ဝန်းကျင်က လူတွေအတွက် မိတ်ဆွေကောင်းတစ်ယောက်အဖြစ် ရပ်တည်လိုက်ပါ။