ကျောက်ကပ်ဟာ လူ့ခန္ဓာကိုယ်မှာ ရှိသမျှ အဆိပ်အတောက်တွေကို ဆီး နဲ့ သွေးက တစ်ဆင့် စွန့်ထုတ်သန့်စင်ပေးပါတယ်။ ကျောက်ကပ်ကဒါတွေကို အပြင်ကအကူအညီမပါဘဲ လုပ်ဆောင်ပေးတာပါ။ ဒါကြောင့် ကျောက်ကပ်ကျန်းမာနေဖို့က အရေးကြီးပါတယ်။  ဆီးချို့ နဲ့ သွေးတိုးလို ရောဂါမျိုးက ကျောက်ကပ်ရဲ့လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ကျောက်ကပ်ကျန်းမာနေဖို့အတွက် ဘာတွေစားပေးရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ရေ

Source: National Kidney Foundation

ရေဟာ ခန္ဓာကိုအတွက် အရေးကြီးဆုံးပါပဲ။ ဆဲလ်တွေကရေကို အဆိပ်အသောက်တွေ သွေးလမ်းကြောင်းထဲရောက်အောင် ပို့လွှတ်ဖို့အတွက် အသုံးပြုပါတယ်။ ဒါ့ကြောင့် ကျောက်ကပ်က အဆိပ်အသောက်တွေကို ဆီးအဖြစ်ပြောင်းလဲစေပြီး ခန္ဓာကိုယ်အပြင်ဘက် ထုတ်ပစ်ဖို့အတွက် ရေကိုလိုအပ်ပါတယ်။

အဆီကြွယ်ဝတဲ့ ငါးများ (Omega-3 Fatty Acids)

Source: Times of India

အကျိုးပြုအဆီဓာတ် လို့ ခေါ်တဲ့ Omega-3 Fatty Acids တွေကို ဆာလ်မွန်၊ တူနာ နဲ့ အခြား ရေအေးမှာနေတဲ့ ငါးတွေဆီကနေ ရရှိနိုင်တယ်။ Omega-3 Fatty Acids ကိုလူ့ခန္ဓာကိုက မထုတ်လုပ်နိုင်ပါဘူး။ ဒါ့ကြောင့် အစားသောက်တွေဆီကနေ တဆင့်ရယူရတာပါ။ အဆီများတဲ့ ငါးတွေက Omega-3 Fatty Acids ကြွယ်ဝစွာပါဝင်ပါတယ်။

အကျိုးပြုအဆီတွေက အာရုံကြောစနစ်ရဲ့ ဆဲလ်တွေတည်ဆောက်တဲ့နေရာမှာ အဓိကနေရာကနေ ပါဝင်တယ်၊ နှလုံးကြွက်သားတွေကို အားကောင်းစေတယ်၊ ခုခံအားစနစ်ကိုအားကောင်းစေတယ်၊ လိုအပ်တဲ့အာဟာရတွေ စုပ်ယူတဲ့နေရာမှာ အကူအညီပေးတယ်၊ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့အတွက်လည်း သူက အဓိကပါတယ်။

ကန်စွန်းဥ

Source: SNAP-Ed Connection – USDA

ကန်စွန်းဥ မှာ ဗီတာမင် အေနဲ့ ဗီတာမင် စီ ကြွယ်ဝတယ်၊ ဗီတာမင် B-6 နဲ့ ပိုတက်စီယမ် လည်း ပါဝင်သလို အမျှင်ဓာတ်လည်း ပါဝင်မှု မနည်းပါဘူး။ ပိုတက်စီယမ် အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေက  ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးပြီး ကျောက်ကပ်အပေါ် သက်ရောက်မှု လျော့နည်းအောင် ကူညီပေးပါတယ်။

ဒီလို ဘေးကင်းပြီး အာဟာရကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့စဉ်စားသောက်ပုံ အတွင်း ထည့်သွင်း စားသုံးမယ်ဆို ကျောက်ကပ် တင်မကဘဲ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးရှိစေမှာ သေချာပါတယ်။

ဘယ်ရီသီးများ

Source: Best Health Magazine

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီနဲ့ ရက်စ်ဘယ်ရီ စတဲ့ ဘယ်ရီသီးများ တွေဟာ အကျိုးပြုအာဟာရတွေဖြစ်တဲ့ antioxidant တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဓာတ်တွေကို ခန္ဓာကိုယ် ဆဲလ်တွေ ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ဒီအသီးက ကင်ဆာရောဂါ၊ နှလုံးရောဂါ တို့ကို ကာကွယ်ပေးပြီး ဦးနှောက်ကို အကျိုးပြုတယ်လို့ ‌လေ့လာမှုတွေက ဆိုပါတယ်။

Featured Image Source: Penn Medicine