အာလူးဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေ စုပေါင်းပါဝင်နေတဲ့ အစားအစာတစ်ခုပါ။ အာလူးကိုကောင်းကောင်း ပြင်ဆင်ချက်ပြုတ်စားမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရ နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးကတော့ အာလူးစားရင်ရလာမဲ့ အကျိုးကျေးဇူးတွေ အကြောင်းပါ။
(၁) ဝိတ်ကျကောင်းကျနိုင်တယ်

ဒါကတော့ အာလူးအပြင် ဘာတွေစားနေလဲဆိုတဲ့ အပေါ်မှာမှုတည်ပါတယ်။ ဒါပေမယ့် အာလူးကိုတော့ ဝိတ်ကျဖို့အတွက် diet လုပ်တဲ့အထဲ မှာ ထည့်ထားလို့ရပါတယ်။ကယ်လီဖိုးနီးယား တက္ကသိုလ်တခုက အဖွဲ့ ၃ ဖွဲ့ခွဲပြီး တပက်ကို အာလူးဟင်း ၅-၇ ကြိမ်ထိ စားစေခဲ့ပြီး လေ့လာမှုတခုလုပ်ခဲ့ပါတယ်။အဖွဲ့ ၃ ခုစလုံးက အာလူးကို နေ့တိုင်းစားခဲ့ပြီး ဝိတ်တွေ ကျသွားခဲ့ပါတယ်။ လေ့လာမှုတွေအရတော့ အာလူးစားတာနဲ့ ဝိတ်တတ်လာတာ မတွေ့ရသေးပါဘူး။
(၂) ပိုက်ဆံချွေတာနိုင်မယ်

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေထဲမှာ အာလူးက ဈေးအပေါဆုံးလို့ပြောလို့ရပါတယ်။ အာလူးမှာ ပိုတတ်ဆီယမ်၊ မက်ဂနီဆီယမ်၊ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် ကေနဲ့ ဖိုက်ဘာတွေ ပါဝင်ပါတယ်။အာလူးစားတာဟာ တခြားအရာတွေ စားချင်စိတ်မရှိအောင်ကို ဗိုက်ပြည့်စေတဲ့အတွက်ကြောင့် အပိုငွေကြေး ကုန်ကျမှုကို သက်သာစေပါတယ်။ အာလူးကို အမျိုးမျိုးပြင်ဆင် ချက်ပြုတ် လို့ရတဲ့အတွက်ကြောင့် မိသားစု စားပွဲဝိုင်းအတွက် အကောင်းဆုံးဟင်းခွတ်လို့လည်းပြောလို့ရပါတယ်။
(၃) အာဟာရဓာတ်တွေအများကြီးရနိုင်မယ်

အာလူးအဖြူတွေမှာ အာဟာရအများဆုံး တွေ့ရပါတယ်။ အထူးသဖြင့် အခွံကို စားရင် ပိုပြီး အာဟာရဖြစ်ပါတယ်။အာလူးတစ်လုံးစားရုံနဲ့တင် ကယ်လိုရီပမာဏ ၁၁၀၊ သကြား ၂ ဂရမ်၊ ပိုတတ်ဆီယမ် နဲ့ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ၃၅% လောက်ရရှိနိုင်ပါတယ်။ အာလူးဟာ အမျှင်ဓာက်ကြွယ်ဝပြီးတော့ အဆီနဲ့ဆိုဒီယမ် ပါဝင်မှုအင်မတန်နည်းပါတယ်။
(၄) ဟင်းအတွက် ဈေးဝယ်ထွက်ရတာ နည်းသွားမယ်

အာလူးတွေဟာ မှောင်Nပီးတော့ အေးတဲ့နေရာမှာထားရင် ၂-၃ ပက်ထိကို မပုပ်မသိုးပဲ အထားခံကြပါတယ်။ အာလူးကို ဒီနေရာမှာ လိုက်တုနိုင်တဲ့ အစားအစာတွေ များများစားစားမရှိသေးပါဘူး။အာလူးဟာ ကုန်စုံဆိုင်တွေဆီ ခဏခဏ မပြေးချင်တဲ့သူတွေအတွက် အရမ်းအသုံးဝင်တဲ့ အစားအစာတခုပါ။
Source: Bright Side
