ဂျင်းဟာ မီးဖိုချောင်သုံး ဟင်းခက်အမယ်တွေထဲမှာ ဆေးဖက်ဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက ဂျင်းကိုကျန်းမာရေးဓာတ်စာအဖြစ် စားသုံးလေ့ရှိကြပြီး ယနေ့ခေတ် ဆရာဝန်တွေကိုယ်တိုင်က ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ပစ္စည်းတစ်မျိုးဖြစ်ကြောင်း လမ်းညွှန်ထားပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂျင်းလက်ဖက်ရည်ကို နေ့တိုင်းသောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းကျိုးတွေရနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) နှလုံးရောဂါမှ ကာကွယ်ပေးတယ်
သုတေသီတွေကတော့ ဂျင်းဟာ နှလုံးရောဂါကို ကာကွယ်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးပါဘူး ကိုလက်စထရောကျဆင်းခြင်း၊ ကောင်းတဲ့လက်စထရောဓာတ်တိုးခြင်းနှင့် သွေးပေါင်ချိန်ကျဆင်းခြင်းစတဲ့ကောင်းကျိုးတွေရစေပြီး နှလုံးကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။
(၂) ကိုယ်အလေးချိန်ထိန်းပေးတယ်
ဂျင်းလက်ဖက်ရည်သောက်ပေးခြင်းက သဘာဝအတိုင်းကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရည် ဂျင်းကဆာလောင်မွတ်သိပ်မှုကို လျော့နည်းစေပြီး အချိန်အတော်ကြာ ဗိုက်ပြည့်တဲ့ ခံစားမှုကိုရစေမှာပဲဖြစ်ပါတယ်။
(၃) သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေတယ်
ဆီးချိုရောဂါသည်တွေအတွက်တော့ သတင်းကောင်းပါပဲ။ ဂျင်းလက်ဖက်ရည်သောက်ပေးခြင်းက သွေးတွင်းသကြားဓာတ်ကိုလျော့နည်းစေပါတယ်။ ၁၂ ပတ်ကြာလေ့လာမှုတစ်ခုအရလည်း နေ့စဉ်ပုံမှန် ဂျင်းလက်ဖက်ရည် သောက်ပေးတာက ဆီးချိုတက်ခြင်းကို လျော့ကျစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။
(၄) ဒူးအဆစ်များနာကျင်ခြင်းကို သက်သာစေတယ်
ဂျင်းလက်ဖက်ရည်ရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ဒူးအဆစ်တွေ နာကျင်ကိုက်ခဲခြင်းကို သက်သာစေတာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဂျင်းလက်ဖက်ရည်ကို ၆ လခန့် နေ့စဉ်ပုံမှန်သောက်ပေးမယ်ဆိုရင် နာတာရှည် ဒူးနာတဲ့ ဝေဒနာ ဒူးအဆစ်တွေ နာကျင်ကိုက်ခဲတာကို သိသိသာသာ သက်သာပျောက်ကင်းစေမှာပဲဖြစ်ပါတယ်။
(၅) ကင်ဆာရောဂါကို ကာကွယ်ပေးတယ်
သုတေသနပြုချက်တွေအရ ဂျင်းဟာအစာအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းနှင့်အူမကြီးကင်ဆာစတဲ့ ကင်ဆာအမျိုးအစားများစွာကို ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေရှိပါတယ်။ ဒါ့ကြောင့် ဂျင်းလက်ဖက်ရည်ကို နေ့စဉ်သောက်ပေးမယ်ဆိုရင် အမျိုးမျိုးသောကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။