အိပ်ရေးပျက်ခြင်းကို ပေါ့ပေါ့လေးလို့တွေးထားရင်တော့ သင်မှားသွားနိုင်ပါတယ်။ လူတစ်ယောက်အတွက် ၂၄ နာရီတစ်ရက်မျာ အိပ်စက်ချိန်က အနည်းဆုံး ၇ နာရီရှိသင့်တာပါ။ဒီလိုမှမဟုတ်ဘဲ အိပ်ရေးပျက်တဲ့ရက်တွေများလာမယ်ဆိုရင်တော့ အခုပြောပြမယ့်ဆိုးကျိုးတွေ ကြုံတွေ့ခံစားရနိုင်ပါတယ်။

(၁) ကိုယ်အားနည်းလာမယ်

Source : BustED Pencils

အိပ်ရေးပျက်ခြင်းက ကိုယ်ခံအားစနစ်ကိုထိခိုက်စေတဲ့အကြီးမားဆုံးအမှားတစ်ခုပါ။ခန္ဓာကိုယ်မှာ ကိုယ်ခံအားနည်းလာပြီဆိုရင် ဖျားနာခြင်းတွေ ကူးစက်ရောဂါတွေက အလွယ်တကူဝင်ရောက်လာနိုင်ဖို့ အခွင့်အရေးပိုများသွားပါပြီ။ဒါတင်မကသေးပါဘူး နှလုံး ဆီချို နဲ့ လေဖြတ်ခြင်းကဲ့သို့ နာတာရှည်ရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၂) မှတ်ဉာဏ်ပျက်စီးလာမယ်

Source : Health And Beauty

အိပ်ရေးပျက်တဲ့ရက်တွေများလာတာနဲ့ အမျှ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေလည်း ကျဆင်းလာပြီး မှတ်ဉာဏ်စွမ်းရည်ကို ဆိုးဆိုးရွှားရွှားထိခိုက်ပျက်စီးစေပါတယ်။ဒါ့အပြင် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေလည်း လျော့ကျလာပြီး အလွယ်တကူစိတ်ရှုပ်ထွေးခြင်းတွေ စိတ်ဓာတ်ကျခြင်းတွေအပြင် အဆိုးဆုံးအခြေအနေဖြစ်တဲ့ ကိုယ်ကိုယ်ကိုသတ်သေခြင်းတွေအထိဖြစ်လာနိုင်ပါတယ်။

(၃) အဝလွန်လာမယ်

Source : The Sun

အဝလွန်ခြင်းကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲမှာ အိပ်ရေးပျက်ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်ကဟော်မုန်းပြောင်းလဲမှုတွေကြောင့် ပုံမှန်မဟုတ်တဲ့အစားစားချင်စိတ်ကိုဖြစ်စေနိုင်ပြီး အထိန်းအကွပ်မဲ့ စားသုံးမှုတွေဖြစ်လာနိုင်ပါတယ်။ထိုအခါ ကိုယ်အလေးချိန်အဆမတန်တက်လာပြီး အဝလွန်ခြင်းတွေဖြစ်လာပြီပေါ့။

(၄) အိုမင်းရင့်ရော်လာမယ်

Source : Medium

လေ့လာတွေ့ရှိချက်တွေအရ အိပ်ရေးပျက်များတဲ့သူတွေဟာ ပုံမှန်အိပ်ချိန်ရှိသူတွေထက် အိုမင်းရင့်ရော်မှုနည်းမြင့်တက်တယ်လို့ဆိုပါတယ်။ အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ်အသားအရေ ခြောက်သွေ့ပျက်စီးခြင်း မျက်နှာပေါ်မှာ အရေးအကြောင်း တင်းတိတ်နဲ့ ဝက်ခြံတွေဖြစ်စေခြင်း အသားအရေးတင်းရင်းမှုလျော့ကျစေခြင်းစတဲ့ အရာတွေဖြစ်စေပြီး အရွှယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုဖြစ်စေမှာဖြစ်ပါတယ်။