ချောကလက်တွေက လျှာကို ဖျားယောင်းရာမှာ ဆရာကျတယ်လို့ နာမည်ကြီးပါတယ်။ ချောကလက်တွေက စားလို့ကောင်းပေမယ့် လူအတော်များများက ကျန်းမာရေးနဲ့ မညီတဲ့ စားစရာတစ်ခုအဖြစ် ထင်နေကြတာရှိပါတယ်။ တကယ်တော့ ချောကလက်ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ချောကလက် စားပေးရင် ဘာဖြစ်လာမလဲဆိုတော့

(၁) နှလုံးကျန်းမာရေးကောင်းတယ်

Photo: Freepik

ချောကလက်မှာပါတဲ့ ကိုကိုအာစေ့ထဲက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက နှလုံးကျန်းမာရေးအတွက် ကောင်းတယ်လို့ ဆွီဒင်သုတေသနတစ်ခုက ဖော်ပြထားပါတယ်။ ချောကလက်တစ်ပြားလုံးမဟုတ်ဘဲ တစ်နေ့ကို အတုံးလေး တစ်တုံးစာပဲ စားပေးဖို့တော့ လိုပါတယ်။

(၂) ရောင်ကိုင်းမှုကို သက်သာစေတယ်

Photo: Freepik

အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ရောင်ရမ်းမှုကို ချောကလက်က သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ နေ့စဉ် Dark Chocolate အနည်းငယ်စီ စားပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းက ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။

(၃) စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျမှု သက်သာလျော့ပါးစေပါတယ်

Photo: Freepik

ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ် လေ့လာမှုအရ ချောကလက်ဟာ စိတ်ဖိစီးမှု လျော့ကျ‌စေနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ ချောကလက်အနည်းငယ် နေ့စဉ် စားပေးသူဟာ ကော်တစ်ဆိုး Level ကျဆင်းစေနိုင်တယ်လို့လည်း တွေ့ရှိထားပါတယ်။ ကော်တစ်ဆိုးဟာ စိတ်ဖိစီးမှု ဟော်မုန်းတွေ ထုတ်တယ်လို့ နာမည်ကြီးတဲ့ ဟော်မုန်းဖြစ်ပါတယ်။

နောက်တစ်ခုက စိတ်ဓါတ်ကျမှုကို အတော်အသင့်တိုက်ဖျက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ချောကလက်ဟာ လူကို ပိုပြီး ပျော်ရွှင်စေနိုင်ပါတယ်။ Dark Chocolate နေ့စဉ်စားသူဟာ ရာသီဥတုကြောင့် စိတ်ခံစားမှုမမှန်တဲ့ SAD ဖြစ်ပွားမှု ပိုပြီး အဖြစ်နည်းစေတယ်လို့ ဆိုပါတယ်။

(၄) သွေးဖိအားကျဆင်းစေတယ်

Photo: Freepik

သကြားဟာ Blood Pressure တက်စေတယ်လို့ နာမည်ကြီးပေမယ့် Dark Chocolate အတော်အသင့်စားသုံးခြင်းကတော့ BP ကျဆင်းအောင် ကူညီပေးနိုင်ပါတယ်။ ကိုကိုအာစေ့ထဲမှာ ပါတဲ့ ကိုယ်တွင်းထဲက ဓါတ်တိုးမှူဖြစ်စေတဲ့ Free Radicals တွေကို တိုက်ခိုက်နိုင်တာကြောင့် သွေးဖိအားကျဆင်းစေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

(၅) အသားအရေအတွက်ကောင်းတယ်

Photo: Freepik

ချောကလက်စားပေးခြင်းအားဖြင့် နေရောင်ကနေ အသားအရေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ သုံးလလောက် ချောကလက်စားထားတဲ့သူတွေဟာ မစားခင်ကထက် နေရောင်နဲ့ ထိတွေ့မှုမှာ အသားအရေပိုပြီး ကာကွယ်မှုပေးနိုင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

(၆) မှတ်ဉာဏ်ပိုကောင်းစေတယ်

Photo: Freepik

နေ့စဉ်ချောကလက်စားပေးခြင်းအားဖြင့် ဦးနှောက်စွမ်းရည် ပိုမြင့်တက်လာပြီး မှတ်ဉာဏ်ပိုကောင်းစေနိုင်ပါတယ်။ ချောကလက်စားပြီး နာရီဝက်အတွင်းမှာ ဦးနှောက်လှုပ်ရှားမှု တိုးပွားလာပြီး အချက်အလက်တွေ ပိုမှတ်ယူနိုင်တယ်လို့လည်း လေ့လာမှုတွေက ဖော်ပြထားပါတယ်။ ဒီတော့ စာဖတ်စာမှတ်ခါနီးမှာ Dark Chocolate လေး အတန်အသင့်စားပေးဖိူ့ တိုက်တွန်းချင်ပါတယ်။

(၇) အားကစားပိုလုပ်နိုင်တယ်

Photo: Freepik

ချောကလက်ဟာ ကိုယ်လက်လှုပ်ရှားမှုအပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ ချောကလက်က ဆဲလ်တွေကို အောက်ဆီဂျင်ပို ထိန်းထားစေနိုင်တာကြောင့် သက်လုံနဲ့ ခံနိုင်ရည်ပိုရှိလာရာကနေ Workout လုပ်ချိန်မှာ ပိုပြီး ထိရောက်မှု ရှိတာ ဖြစ်ပါတယ်။