အမေရိကန်မှာ Yellowstone လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး မီတောင်တစ်ခုဟာ ပေါက်ကွဲဖို့ အားပြင်နေပါတယ်။

ဒီ Yellowstone မီးတောင်ဟာ သာမာန် မီးတောင်တွေလိုမဟုတ်ပါဘူး။ ဒီမီးတောင်ဟာ စူပါမီးတောင် တခုဖြစ်ပါတယ်။ တကယ်လို့သာ ဒီမီးတောင်ကြီး ပေါက်ကွဲခဲ့မယ်ဆိုရင် ကမ္ဘာကြီးပျက်စီးသွားနိူင်တဲ့ အနေအထားမှာရှိနေပါတယ်။

Source: Idaho State Journal

ဒါဆိုရင် ဒီမီးတောင်ကြီးဟာ ဘယ်လောက်ထိ ဆိုးရွားစွာပေါက်ကွဲနိူင်မလဲ? ဒီမီးတောင်မပေါက်ကွဲအောင် လူတွေတားနိူင်မလား? မီးတောင်က တစ်ကမ္ဘာလုံးအပေါ် သက်ရောက်မူရှိနိူင်သလား? ပြီးတော့ ရာသီဥတုအပေါ် ဘယ်လိုသက်ရောက်မူရှိနိူင်သလဲ?

တကယ်လို့ Yellowstone မီးတောင်ကြီးသာ မနတ်ဖန်လိုအချိန်မျိုးမှာ ပေါက်ကွဲခဲ့မယ်ဆိုရင် ဘာတွေဆက်ဖြစ်နိူင်မလဲဆိုတာ ဒီနေ့ kwee page ကပြောပြပေးသွားမှာပါ။

Yellowstone မီးတောင်ကြီးဟာ အမေရိကန်နိူင်ငံ Wyoming ပြည်နယ်မှာတည်ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂) သန်းအတွင်းမှာ ဒီမီးတောင်ဟာ (၂) ကြိမ်တိုင်တိုင် ပေါက်ကွဲခဲ့ဖူးပြီးပါပြီ။

Source: Charisma News

လူတော်တော်များများသိထားတဲ့ မီးတောင်ပေါက်ကွဲခြင်းဟာ ချော်ရည်တွေပန်းထွက်လာမယ် ပြီးရင် မီးတောင် ပတ်ဝန်းကျင် တဝိုက် ချော်ရည်တွေ ဖုံးလွှမ်းသွားမယ်ဆိုတာပါပဲ။

ဒါပေမယ့် စူပါမီးတောင်လို့ခေါ်တဲ့ ဒီ Yellowstone မီးတောင်ကြီးသာပေါက်ကွဲခဲ့ရင် ဒါတွေပဲ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီမီးတောင်ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ပေါက်ကွဲမူကို ဖြစ်စေမယ့်အပြင် များပြားလှတဲ့ ပြာတွေကို ကောင်းကင်ပေါ် မှုတ်ထုတ်ပါလိမ့်မယ်။ ဒီပြာတွေဟာ အမေရီကန်နှင့် ကနေဒါနိူင်ငံတွေ အကုန်လုံးကို လုံးဝ လွှမ်းခြုံသွားမှာပါ။

Source: YouTube

မီးတောင်နှင့် ကီလိုမီတာ (၁၀၀၀) အတွင်းမှာနေတဲ့ သက်ရှိတွေအကုန် သေကြမှာပါ။ ဒါဟာ မီးတောင်ပေါက်ကွဲခြင်းမှထွက်လာတဲ့ ပြာတွေကို ရှုမိတာကြောင့်ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။  ကီလိုမီတာ (၁၀၀၀) အပြင်မှာရှိနေရင်လည်း ပြသာနာဖြစ်နိူင်ပါသေးတယ်။ မီးတောင်ကနေ ထုတ်လွှတ်လိုက်တဲ့ ပြာတွေဟာ အမေရိကန်သာမကပဲ ဥရောပ တခုလုံးကို ဖုံးလွှမ်းသွားနိူင်ပါတယ်။ ပြီး‌တော့ တစ်ကမ္ဘာလုံးက နေရာတော်တော်များများမှာ အပူချိန်ပြောင်းလဲမူတွေ ကြီးကြီးကျယ်ကျယ် ခံစားရမှာပါ။

Source: Quora

ကျွမ်းကျင်သူတွေကတော့ ဒီမီးတောင်ကြီးပေါက်ကွဲပြီး များပြားလှတဲ့ ပြာတွေ ထုတ်လွှတ်ပြီး နေကိုဖုံးကွယ်သွားခဲ့မယ်ဆိုရင် ကမ္ဘာ့အပူချိန်ဟာ (၁၀) ဒီဂရီအထိ ကျဆင်းသွားနိူင်တယ်လို့ ခန့်မှန်းထားပါတယ်။

အပူချိန်ပြောင်းလဲမူဟာ သီးနှံစိုက်ပျိုးမူ၊ ရေပေးဝေမူ တွေအပြင် ကမ္ဘာ့အနောက်ဖက်ခြမ်းက အရာတွေအကုန်လုံးအပေါ် ဆယ်စုနှစ်တစ်စုအထိ သက်ရောက်မူ ရှိစေမှာပါ။ ဒါကြောင့် မီးတောင်ပေါ်ကကွဲမူကနေ ရှောင်လွဲနိူင်ခဲ့မယ်ဆိုရင်တောင် ပြာတွေကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ခံစားရအုံးမှာပါ။

Source: The New York Times

ဒါပေမယ့် ဒီမီးတောင်ကြီးဟာ နောက်နှစ်ပေါင်း (၁) ကျော်လောက်မှ ပေါက်ကွဲမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားတာကြောင့် စိတ်မပူပါနဲ့။