မှန်ကန်တဲ့ လူမှုပုံစံ Positive Lifestyle ဆိုတာ မျှတတဲ့ သဘောထားနဲ့ အပြုသဘောလုပ်ဆောင်ချက်ထားရှိတာကို ဆိုလိုတာပါ။ Positive Lifestyle တစ်ခုနဲ့ နေနိုင်ဖို့အတွက် ပိုက်ဆံတွေ ချမ်းသာစရာမလိုပါဘူး။ နာမည်ကြီးစရာ မလိုပါဘူး။ ဘွဲ့ဒီဂရီတွေလည်း အများကြီး တတ်မြောက်ထားဖို့ မလိုပါဘူး။
တကယ်တော့ Positive Lifestyle ဆိုတာ ရှင်းရှင်းလေးပါ။ ကောင်းမွန်မျှတတဲ့ ဘဝနေနည်းတစ်ခုကို ပြောတာ ဖြစ်ပါတယ်။ ကောင်းမွန်မျှတပြီး အပြုသဘောဆောင်တဲ့ Lifestyle တစ်ခုဟာ ပြဿနာတွေပေါ် အာရုံမစိုက်ဘူး။ အဖြေတွေကိုပဲ စိတ်ရောက်နေတာမျိုးပါ။

Photo: Unsplash
ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ဘဝကို တိုးတက်မြင့်မားအောင် အစဉ်တစိုက် ကြိုးပမ်းနေခြင်းဟာ ကောင်းမွန်တဲ့ လူနေမှုဘဝပါပဲ။ လူတိုင်းရှုံးခဲ့ဖူးပါတယ်။ Positive Lifestyle ရှိထားသူကတော့ အရှုံးရဲ့ အကျဉ်းသားအဖြစ် မနေဘဲ ရှုံးနိမ့်မှုကနေ သင်ခန်းစာယူပြီး နောက်ထပ် ပိုကောင်းအောင်ပဲ ကြိုးစားပါတယ်။
မကောင်းမြင်တတ်တဲ့သူတွေအကြားမှာ နေရပေမယ့် လူတွေရဲ့ ကောင်းကွက်ကိုပဲ ရှာကြည့်တတ်တာ ၊ လူတွေပေါ်အလျင်စလို ဝေဖန်ပြစ်တင်တာမျိုးမလုပ်ဘဲ တတ်နိုင်သမျှ ဂရုဏာထားပြီး ကိုယ်ချင်းစာစိတ်နဲ့ ဆက်ဆံတာမျိုးဟာ အပြုသဘောဆောင်တဲ့ လူနေမှုပုံစံပဲ ဖြစ်ပါတယ်။

Photo: Unsplash
အကောင်းဆုံးကို မျှော်လင့်ထားတယ်။ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ လေးစားစိတ်ထားတယ်။ အဲ့ဒီစိတ်ထားနဲ့ နေသူဟာ Positive Lifestyle သမားဖြစ်ပါတယ်။ဒီလိုလူတွေဟာ ဘဝမှာ ပိုပြီး ပျော်ရွှင်ချမ်းမြေ့ကြပါတယ်။ သူငယ်ချင်းတွေ အပေါင်းအသင်းတွေ ပိုပေါကြပါတယ်။
ခက်ခဲတဲ့ အခြေအနေတွေမှာတောင် မျှတတဲ့ စိတ်နှလုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဖြတ်ကျော်နိုင်စွမ်းတွေ ရှိကြပါတယ်။
