လူတိုင်းနီးပါး ခွေးလေးတွေကိုချစ်ကြပါတယ်။ သူတို့တွေက စကားမပြောတတ်ကြဘူးဆိုပေမယ့် တနည်းနည်းနဲ့ ကျွန်တော်တို့သိအောင် ဆက်သွယ်မှုပြုလုပ်တတ်ကြတယ်။ တစ်ခါတစ်လေမှာ သူတို့ရဲ့ခြေဖဝါးကို ကျွန်တော်တို့အပေါ်မှာ လာပြီးတင်ကြလေ့ရှိပါတယ်။ ဒီနေ့ kwee page ကခွေးလေးတွေဘာလို့ ဒီလိုလုပ်ကြတာလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ကြောက်ခြင်း

သင်ကခွေးကိုဒေါသထွက်ပြီး အော်လိုက်တဲ့အချိန် (သို့) သူတို့တွေအတွက် ပတ်ဝန်းကျင်က အသစ်လိုဖြစ်နေတဲ့အချိန်မှာ ခွေးတွေက စိတ်ဖိစီးမှု ဝင်သွားတတ်ကြပါတယ်။ ပတ်ဝန်းကျင် အသစ်က သူတို့ကို စိုးရိမ်မှုတွေ ဖြစ်ပေါ်စေပါတာကြောင့် သူတို့ရဲ့ ခြေဖဝါးတွေကို ပိုင်ရှင်တွေအပေါ်မှာ လာပြီးတင်လေ့ရှိတာပါ။ ခွေးလေးတွေ ကြောက်စိတ်ဝင်နေပြီဆိုရင် သူတို့နားရွက်က ပြားသွားတတ်ကြပြီး နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်တတ်ပါတယ်။

သခင်ကို ချစ်ကြောင်းပြချင်တာ

ခွေးတွေက သူတို့ရဲ့ပိုင်ရှင်တွေကို ကျေးဇူးတင်ကြောင်း ချစ်ကြောင်း ဂရုစိုက်ကြောင်း ပြသတဲ့အနေနဲ့လည်း ခြေဖဝါးတွေကို တင်လေ့ရှိကြတယ်။ ခွေးတွေကို ပွတ်သပ်ပေးနေတဲ့အချိန်မှာ oxytocin လို့ခေါ်တဲ့ ပျော်ရွှင်ခြင်းကိုခံစားရစေတဲ့ ဟော်မုန်းက ခွေးရောခွေးပိုင်ရှင်ဆီကနေပါ ထုတ်လွှတ်နေတာဖြစ်လို့ အခုလိုမျိုးတုန့်ပြန်ကြတာဖြစ်ပါတယ်။

ဂရုစိုက်မှုကိုလိုအပ်တာ

ခွေးတွေက ပိုင်ရှင်တွေနဲ့ နီးနီးကပ်ကပ်နေပြီး ကြီးပျင်းလာတာကြောင့် သူတို့ဟာ ပိုင်ရှင်တွေရဲ့ ဂရုစိုက်မှုကို အထူးနှစ်သက်ကြပါတယ်။ တောင်းလည်း တောင်းဆိုတတ်ကြပါတယ်။ သူတို့ကို ဂရုမစိုက်ဘဲ အကြာကြီး ပစ်ထားတာ (သို့) ခရီးဝေးကို ရက်အကြာကြီး သွားပြီး ပြန်လာတဲ့အချိန်မျိုးတွေမှာ ပိုင်ရှင်တွေရဲ့ ဂရုစိုက်မှုကို လိုလားတာကြောင့် သူတို့ရဲ့ခြေဖဝါးကို တင်ပြီးတောင်းဆိုလေ့ရှိတတ်ကြပါတယ်။

ဗိုက်ဆာတာ

အခုလို ခြေဖဝါးတင်တာဟာ ဗိုက်ဆာနေလို့လည်းဖြစ်နိုင်ပါတယ်။ ပိုသေချာစေဖို့အတွက်သူတို့အစာခွက်မှာ အစာရှိသေးလား (သို့) အစာကျွေးပြီးပြီလားဆိုတာ သေချာစစ်ဆေးပါ။ ဒါပေမယ့် ခွေးတွေ အဝလွန်သွားအောင် အများကြီးမကျွေးမိဖိုတော့ လိုအပ်ပါတယ်။

Source: Bright Side