အများနဲ့ ပူးပေါင်းပြီး လူမှုအကျိုးပြု ပရောဂျက်တွေမှာ အလုပ်လုပ်ရတာကို သဘောကျသူများဟာ အစိုးရနဲ့ မသက်ဆိုင်တဲ့ NGO အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ချင်ကြမှာပါ။ နိုင်ငံတိုင်းမှာ နိုင်ငံအလိုက် NGO အဖွဲ့အစည်းတွေ ရှိသလို နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ ကုလသမဂ္ဂလို INGO အဖွဲ့အစည်းတွေလည်း အများကြီး ရှိပေမယ့် NGO တွေမှာ အလုပ်ရဖို့အတွက် ဒီအချက်တွေ မသိရင် အလုပ်ရဖို့ ခက်ပါတယ်။

(၁) ကိုယ်ဘာလုပ်ချင်သလဲ သိပါစေ။

Source: ShutterStock

NGO တစ်ခုမှာ အလုပ်လျှောက်မယ်ဆိုရင် အရေးကြီးဆုံးက ကိုယ်က ဘယ်အပိုင်းမှာ အလုပ်လျှောက်ချင်တာလဲ သိနေဖို့ အရေးကြီးပါတယ်။ ဘယ်နေရာ ဘယ်ကဏ္ဍမျိုးမှာ လုပ်ချင်သလဲ။ ကမ္ဘာကြီးကို ပြောင်းလဲချင်တယ်ဆိုရုံနဲ့ NGO တွေမှာ အလုပ်ရဖို့ မလွယ်ပါဘူး။ ကိုယ်တကယ့်ကို သွားလိုတဲ့ NGO နေရာမျိုးကို အတိအကျ သိအောင် လုပ်လိုက်ပါ။

(၂) အများနဲ့မတူ ကွဲပြားနေပါစေ။

Source: 1851 Franchise

လူရှေ့မှာ ထွက်ရဲပြီး ပြောဆို ဆက်ဆံတတ်ဖို့ လိုပါတယ်။ ဒီအပိုင်းမှာ ဘာသာစကားက အဓိကပါပဲ။ ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စကားအပြင် တစ်ခြား ဘာသာစကားတစ်မျိုး နှစ်မျိုးပါ ပြောနိုင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဘာသာစကား ကျွမ်းကျင်မှုကြောင့် အခွင့်အလမ်းကောင်းတွေ အများကြီး ပိုရလာမှာပါ။ NGO တွေဟာ ကိုယ့်ဘာသာ လမ်းဖောက်နိုင်တဲ့ သူတွေကို ပိုပြီး နေရာပေးတာဖြစ်လို့ အများလို ရေလိုက်ငါးလိုက်မနေဘဲ ကိုယ်ပိုင်အသိနဲ့ လုပ်နိုင်ဖို့လိုပါတယ်။

(၃) ယဉ်ကျေးမှုများကို နားလည်ခြင်း

Source: ShutterStock

NGO တွေဟာ ဒေသအမျိုးမျိုး ၊ ဘဝပုံစံအမျိးမျိုးရှိရာကို အဓိကထားပြီး အလုပ်ခွင်ဝင်ရတဲ့ အဖွဲ့အစည်းတွေဖြစ်လို့ ဒေသအလိုက် လူတွေရဲ့ ထုံတမ်းအစဉ်အလာနဲ့ အတွေးအခေါ် ယဉ်ကျေးမှုများကို နှံ့စပ်နေမယ်ဆိုရင် ကိုယ့်ရဲ့ ပရောဂျက်ကို ဘယ်နေရာရောက်ရောက် အထမြောက်အောင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

(၄) အလုပ်အတွေ့အကြုံကောင်း ရှိဖို့လိုပါတယ်။

Source: Plymouth Science Park

NGO တွေမှာ စေတနာ့ ဝန်ထမ်းပဲဖြစ်စေ ၊ အလုပ်သင်လောက်ပဲဖြစ်စေ လုပ်ဖူးတဲ့ အတွေ့အကြုံတော့ အနည်းဆုံး လိုပါတယ်။ ဒါမှသာ အလုပ်လျှောက်တဲ့အခါ NGO အဖွဲ့အစည်းတွေဘက်ကနေ ကိုယ်ဟာ ဒီအလုပ်မျိုးနဲ့ မစိမ်းဘူးလို့ မှတ်ချက်ချပြီး အလုပ်ခန့်ဖို့ အခွင့်အလမ်းပိုပေးမှာ ဖြစ်ပါတယ်။

(၅) အဆက်အသွယ်များ ရှိထားပါစေ

Source: ShutterStock

ဒီအတိုင်း ဘာမှန်းမသိတဲ့ အဖွဲ့ အစည်းတစ်ခုကို သွားလျှောက်တာထက် ကိုယ့်နဲ့ သိတဲ့ အသိုင်းအဝိုင်း ၊ အဆက်အသွယ်တွေကနေ တစ်ဆင့် အလုပ်လျှောက်တာက အလုပ်ရဖို့ ပိုများပါတယ်။ နောက်တစ်ချက်က NGO တွေဟာ ကာလအလိုက် ပရောဂျက်တွေ ရှိနေတာ ဖြစ်လို့ ဘယ်အချိန်မှာ ဘယ်လို အလုပ်ခေါ်သွားမယ်ဆိုတာလည်း ကိုယ့်အသိ NGO ဝန်ထမ်းမိတ်ဆွေတွေ ဆီကနေ သိမှာ ဖြစ်လို့ အလုပ်လျှောက်ရာမှာ အချိန်ကုန်သက်သာသလို အလုပ်လျှောက်လွှာ CV ကိုလည်း ကိုယ့်အသိတွေအကူအညီနဲ့ တိုက်ရိုက်ပေးပို့နိုင်မှာပါ။

(၆) စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဲပါစေ။

Source: ShutterStock

ဘယ်အလုပ်မဆို စိန်ခေါ်မှုတွေ ရှိနေတာပါပဲ။ ရေခံမြေခံမတူတဲ့ဒေသတွေကို ကူညီပေးနေတဲ့ NGO အဖွဲ့အစည်းတွေမှာဆို မထင်ရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ အမြဲရှိနေတာ ဖြစ်လို့ ဒါတွေကို ရင်ဆိုင်ရဲဖို့ လိုပါတယ်။ ဒီလိုမျိုး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုရင် NGO တွေမှာ အလုပ်ရဖို့ မခက်တော့ပါဘူး။