တချို့က တက်တူးကို ကိုယ့်ခန္ဓာကိုယ်အရေပြားပေါ်မှာ ရေးထိုးခံရတာနှစ်သက်ကြသလို တချို့သော ယောကျာ်းလေးတွေကလည်း လက်ရာမြောက်တဲ့ တက်တူးပန်းချီကားတစ်ချပ်ကို တခြားသူတွေရဲ့ အရေပြားပေါ်မှာ ကိုယ်တိုင်ရေးဆွဲပေးရတာ ဝါသနာပါကြပါတယ်။
ဒီတော့တက်တူးရေးထိုးသူ artist တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေ ပိုင်ဆိုင်ထားဖို့လိုမလဲ။ ဒီဆောင်းပါးလေးမှာ တက်တူးရေးထိုးရတာ ဝါသနာပါပြီး Tattoo Artist တစ်ယောက်ဖြစ်ချင်တဲ့ ယောကျ်ားများအတွက် အခြေခံကျတဲ့ အကြံပြုချက်လေးတချို့ကို မျှဝေပေးချင်ပါတယ်။
(၁) ပန်းချီရေးဆွဲခြင်းအတက်

Source : Freepik
Tattoo Artist ကောင်းတစ်ယောက်ဖြစ်ဖို့ အရေကြီးဆုံးအချက်တစ်ခုက ပန်းချီရေးဆွဲခြင်းအတက်ကို အခြေခံကျကျ ကျွမ်းကျင်ပိုင်နိုင်မှု ရှိထားဖို့ပါပဲ။ တက်တူး ဒီဇိုင်းတွေမစဉ်းစားမီ ၊ လက်တွေ့တက်တူးမရေးထိုးမီမှာ ပုံကောင်းကောင်းဆွဲတက်အောင် အရင်ဆုံးလေ့ကျင့်ထားရပါမယ်။ ဒါမှလည်း လိုင်းတွေ ၊ ရှိတ်တွေ ၊ အရောင်တွေ၊ ကောက်ကြောင်းတွေအကြောင်းကို သေချာနားလည်ပြီး တက်တူးရေးထိုးရာမှာ ပိုမိုကျွမ်းကျင်တက်မြောက်စေမှာပါ။
(၂) လေ့လာမှု / လေ့ကျင့်မှု

Source : Freepik
နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်တက်မြောက်သွားဖို့ လေ့လာမှုတွေ ၊ လေ့ကျင့်မှုတွေကတော့ အမြဲမပျက်လုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။ လေ့လာမှု ၊ လေ့ကျင့်မှုတွေကပဲ ကိုယ့်ရဲ့ ကျွမ်းကျင်မှု skills တွေကို တိုးတက်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ တက်တူးနဲ့ပတ်သတ်တဲ့ဗဟုသုတတွေ ၊ ဒီဇိုင်းရေးဆွဲနည်းတွေ ၊ စာအုပ်မှာလက်တွေ့ ရေးခြစ်ကြည့်တာတွေ ၊ နာမည်ရပြီးသား Tattoo Artist တွေစီမှာ သွားရောက်လေ့လာသင်ယူတာမျိုးတွေ လုပ်သင့်ပါတယ်။
(၃) ပေါင်းသင်းဆက်ဆံရေး

Source : Freepik
Tattoo Artist တစ်ယောက်လုပ်မယ်ဆိုရင် သေချာတာကတော့ လူတွေနဲ့များများ ပြောဆိုဆက်ဆံရမှာပါပဲ။ ကိုယ့်စီတက်တူးလာထိုးမယ့် ဖောက်သည်တွေနဲ့ အဆင်ပြေပြေ ပြောဆိုဆက်ဆံတက်ရမယ်။ ဂရုတစိုက်နားထောင်ပေးရမယ်။ ဆွေးနွေးတိုင်ပင်မှုတွေ ဖောက်သည်တွေ စိတ်ကျေနပ်စေမယ့် အကြံဉာဏ်ကောင်းပေးတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါကြောင့် ပေါင်းတက်သင်းတက် ပြောဆိုဆက်ဆံတက်ဖို့ကလည်း Tattoo Artist တစ်ယောက်အတွက် လိုအပ်တဲ့အရည်အချင်းတစ်ခု ဖြစ်ပါတယ်။
(၄) ကျန်းမာရေး

Source : Freepik
တက်တူးရေးထိုးမယ့် Artist တစ်ယောက်ဟာ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းဖို့လိုပါတယ်။ နာရီပေါင်းများစွာထိုင်ပြီး တက်တူးရေးထိုးနိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်နေရမှာဖြစ်ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ တက်တူးရေထိုးနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု ရှိရမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး တစ်ကိုယ်ရေးသန့်ရှင်းမှုကိုလည်း အထူးဂရုစိုက်ဖို့လိုအပ်သလို ကူးစက်ရောဂါနဲ့ပတ်သတ်တဲ့ ကျန်းမာရေးဗဟုသုတတွေကို ကောင်းစွာသိနားလည်ထားပြီး ကိုယ်တိုင်လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။
