၁၀ နှစ်ကျော်အရွယ်ကို ကျော်ဖြတ်လာပြီးတဲ့သူတစ်ယောက်ကို အရွယ်ရောက်လာပြီလို့ အများစုက ပြောလာကြပါပြီ။ ဒီလို အရွယ်ရောက်လာပြီးသားသူတစ်ယောက်ဟာ သူ့ရဲ့ နေထိုင်ရာပတ်ဝန်းကျင်မှာ လူအများနဲ့ ပေါင်းသင်းဆက်ဆံတာ အဆင်ပြေမပြေ၊ ကောင်းမကောင်းဆိုတာကို သူပြုမူတဲ့ အမူအယာ၊ အပြုအမူတွေကနေလည်း သိရှိနိုင်ပါတယ်။

လူအများနဲ့ သင့်တင့်လျှောက်ပတ်မှုရှိပြီး ချောမွတ်ပြေပြစ်တဲ့ လူမှုဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက်ဟာ ဘယ်နေရာကိုသွားသွား ဘယ်အချိန်မှာဖြစ်ဖြစ် လူချစ်လူခင်များပြီးတော့ မျက်နှာပန်းလည်း ပွင့်တတ်ပါတယ်။

နားလည်မှုရှိခြင်း

Source: GST Online

လုပ်ငန်းခွင်မှာဖြစ်စေ၊ အပေါင်းအသင်းသူငယ်ချင်းတွေပေါ်မှာဖြစ်စေ နားလည်မှုပေးနိုင်ဖို့ လိုအပ်ပါတယ်။ အကြောင်းကြီးငယ်တွေကြုံတဲ့အခါ သူ့ဘက်က ပျက်ကွက်တာတွေရှိခဲ့ရင်တောင် အပြစ်မတင်ဘဲ နားလည်စာနာပေးနိုင်တဲ့သူဖြစ်ပါစေ။

တစ်ကိုယ်ကောင်းမဆန်ပါနဲ့

Source: FirstCry Parenting

ဒါဟာ အဆိုးဆုံးအပြုအမူတစ်ခုပါပဲ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့သူဟာ အပေါင်းအသင်းမိတ်ဆွေတွေရဲ့ ပယ်ရှားမှုကို တချိန်ချိန်မှာ ခံရမှာဖြစ်ပါတယ်။ ကိုယ့်အတွက်ပဲသိပြီး တခြားသူအတွက် ထည့်မတွေးတတ်တဲ့သူမျိုးကို ဘယ်သူမှအပေါင်းအသင်းလုပ်ချင်မှာမဟုတ်ပါဘူး။

အကူအညီပေးပါ

Source: Genesis Diagnostics

ကိုယ့်ဘက်ကတတ်စွမ်းသရွှေ့ အမြဲကူညီပေးမယ်ဆိုတဲ့ စိတ်စေတနာထားရှိဖို့ လိုအပ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ အကူအညီလိုအပ်နေချိန်မှာ ကိုယ်ကတစ်တပ်တစ်အား ပါဝင်ကူညီပေးသင့်တာပေ့ါ။

စိတ်ကောင်းထားပါ

Source: Science in Poland – PAP

စိတ်ထားယုတ်မာတဲ့သူတွေဟာ မိတ်ဆွေ၊ သူငယ်ချင်းကောင်းတစ်ယောက် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ကြုံရင်ကြုံသလို တွန်းလိုက်မယ်၊ ပညာပြလိုက်မယ်ဆိုတဲ့ မကောင်းတဲ့စိတ်ဓာတ်မျိုးရှိနေခဲ့ရင် အမြန်ဆုံးဖယ်ရှားပစ်လိုက်ပါ။