မန်ချက်စတာယူနိုက်တက် စီနီယာကစားသမားတွေဟာ လီဗာပူးလ်အသင်းကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြ ဆိုးလ်ရှားနဲ့ အက်ဒ်ဝုဒ်ဝဒ်ဆီ အရှက်ရဖွယ် ရှုံးပွဲအတွက် တာဝန်ယူဖို့ စာတိုပေးပို့ခဲ့ကြပြီး ရာထူးကနေ ဖြုတ်ခံရဖို့ နီးစပ်နေတဲ့ နည်းပြအပေါ် အားပေးထောက်ခံမှုကို ပြသခဲ့ကြပါတယ်။

Manchester United Players

Photo: Skysports

အင်္ဂလိပ်ချန်ပီယံ အကြိမ် ၂၀ ဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်မှာ လီဗာပူးလ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၅-၀ နဲ့ ရှုံးနိမ့်ပြီး အသင်းရဲ့သမိုင်းမှာ အဆိုးရွားဆုံးရှုံးပွဲထဲက တစ်ပွဲကို ခံစားခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ မန်ချက်စတာယူနိုက်တက်ကို ပထမပိုင်းမှာ လွှမ်းမိုးကစားပြီး ၄-၀ နဲ့ ဦးဆောင်နေခဲ့တာဖြစ်တာကြောင့် အိမ်ကွင်းပရိသတ်ထောင်ပေါင်းများစွာဟာ ပွဲအပြီးခင်မှာပဲ အိုးထရက်ဖို့ဒ်ကို စွန့်ခွာခဲ့ကြတာဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ နည်းပြရာထူးဟာ လီဗာပူးလ်နဲ့ပွဲစဉ်က ရလဒ်ကြောင့် အန္တရာယ်အရှိဆုံးအနေအထားမှာ ရှိလာခဲ့ပုံပေါ်ပေမယ့် နော်ဝေလူမျိုးနည်းပြဟာ လီဗာပူးလ်နဲ့ရှုံးပွဲအပြီးမှာ အသင်းလူစာရင်းထဲက အားပေးထောက်ခံတဲ့ သတင်းစကားတွေကို ရရှိခဲ့ပါတယ်။ စီနီယာကစားသမားအများစုဟာ ဆိုးလ်ရှားရဲ့နောက်မှာ အပြည့်အဝထောက်ခံနေဆဲဖြစ်ပြီး နည်းပြနဲ့ ဒုတိယဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဆီ တနင်္လာနေ့မှာ ဖုန်းဆက်ပြီး ၎င်းတို့ရဲ့ထောက်ခံမှုကို ထုတ်ဖော်ပြသခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။

Ole Gunnar Solskjaer

Photo: Eurosport

ကစားသမားတွေက ၎င်းတို့ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် အသင်းက ရုန်းကန်ခဲ့ရတာသာဖြစ်တယ်လို့ အက်ဒ်ဝုဒ်ဝဒ်ကို ပြောကြားခဲ့ပြီး ဆိုးလ်ရှားကို အပြည့်အဝထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့တယ်လို့ ESPN က ယင်းသတင်းထဲမှာ ဖော်ပြသွားခဲ့ပါတယ်။

Featured Photo: Sportbible