ကိုယ်ကြိတ်သဘောကျနေတဲ့ ကောင်မလေးနဲ့ ပထမဆုံးချိန်းထားတဲ့ နေရာကို သွားခါနီးမှာ ဘယ်သူမဆို ပျာယာတွေခတ်နေတတ်စမြဲပါ။ စိတ်တွေလှုပ်ရှားလွန်းလို့ ဘာဝတ်လို့ ဝတ်သွားရမလဲတောင် မဆုံးဖြတ်နိုင်သူတွေ ရှိနိုင်ပါတယ်။ ဒီဆောင်းပါးဟာ အဲ့ဒီလိုမျိုး First Date မှာ ဘာဝတ်ရမလဲ ခေါင်းပူနေသူတွေအတွက် ရည်ရွယ်ပါတယ်။

(၁) တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်စရာမလိုပါဘူး

Photo: rapidleaks

သင်နဲ့ လိုက်ဖက်ပြီး Fit ဖြစ်တဲ့ ဝတ်စုံကို အရင်ရွေးပါ။ ဈေးကြီးတာ ဝတ်ရင် ကောင်မလေး အထင်ကြီးမှာပဲ ဆိုပြီး Suit ကြီး ဝတ်သွားတာမျိုး မလုပ်ပါနဲ့။ သင့်မှာ T-Shirt နဲ့ Jeans ပဲ ရှိတော့ ဘာဖြစ်လဲ။ သင့်ကိုယ်လုံးကိုယ်ပေါက်နဲ့ အချိုးကျနေတယ် ၊ ဝတ်လို့လည်း သက်တောင့်သက်သာ ရှိနေတယ်ဆိုရင် ပြဿနာမရှိပါဘူး။

(၂) ရှပ်လက်ရှည်ရှိရင် အဆင်ပြေပါတယ်

Photo: fashion-history

မိန်းကလေးတွေရဲ့ ၆၀.၂% က First Date မှာ ကော်လံပါတဲ့ ရှပ်တွေ ဝတ်လာတာကို ပိုသဘောကျကြပါတယ်။ ၁၄.၈% သော အမျိုးသမီးတွေကတော့ တီရှပ်ဆိုလည်း ဖြစ်ပါတယ်တဲ့။ ဒီတော့ ပိုသေချာတာကို ရွေးပါ။ သင့်ဗီရိုထဲမှာ ရှပ်လက်ရှည်သန့်သန့်လေး ရှိရင် အဲဒါလေး ဝတ်သွားလို့ ရပါတယ်။

(၃) Shoes တွေက အရေးကြီးတယ်

Photo: Freepik

မိန်းကလေးတွေဟာ ခေါင်းအစခြေအဆုံး စူးစမ်းတတ်သူတွေပါ။ သင်ဘာပဲ ဝတ်လာဝတ်လာ ဖိနပ်ခပ်ညံ့ညံ့စီးလာရင် အမှတ်လျှော့မှာပါ။ ဒီတော့ First Date မှာ ဖိနပ်ကောင်းကောင်း စီးသွားဖို့လည်း မမေ့ပါနဲ့။

(၄) နာရီပတ်ဖို့ မမေ့ပါနဲ့

Photo: Pixabay

နာရီဝတ်တဲ့သူတွေဟာ လူတွေအကြားမှာ ထူးခြားနေတယ်လို့ ခံစားမိစေပါတယ်။ နာရီတစ်လုံးဟာ သင့်ရဲ့ ရှိရင်းစွဲ Rank ကို မြှင့်ပေးနိုင်လို့ လူအကြား သွားမယ်ဆိုရင် နာရီကောင်းကောင်း ပတ်သွားတာ အကောင်းဆုံးပါပဲ။