လေ့လာတွေ့ရှိချက်များအရ တူညီသောအချိန်တွင် အိပ်ရာဝင်ခြင်း၊ အိပ်ရာထခြင်းသည် ယောကျာ်းများအတွက် ကျန်းမာသောလူနေမှုဘဝကို ပိုင်ဆိုင်နိုင်အောင် ကူညီပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ကျန်းမာသောလူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ရန်အတွက် အလေ့အကျင့်ကောင်းများ မွေးမြူရန် လိုအပ်ပါတယ်။
ဒီဆောင်းပါးလေးထဲမှာတော့ တူညီသောအချိန်တွင် အိပ်ရာဝင်ခြင်း၊ နိုးထခြင်းကြောင့် ဘယ်လိုကောင်းကျိုးများ ရရှိပိုင်ဆိုင်နိုင်သလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
ပိုမိုတက်ကြွပြီး ဇွဲ၊ လုံ့လ ပိုရှိလာခြင်း

ဒီအချက်လေးကတော့ အိပ်ရာစောစော ထတတ်သူတွေ ရရှိနိုင်မယ့် အကျိုးကျေးဇူးပဲဖြစ်ပါတယ်။ မနက်စောစော အိပ်ရာထခြင်းကြောင့် ပိုမိုလန်းဆန်းတက်ကြွပြီး မိမိလုပ်ငန်းဆောင်တာများကို ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် လုပ်ဆောင်နိုင်ပါတယ်။
နိုးနိုးကြားကြားရှိပြီး စိတ်ပူပန်မှု လျော့ကျခြင်း

Photo Source: Slcsmiles.com
စိတ်ပူပန်မှုလျော့ကျခြင်းသည် သင့်ရဲ့အိပ်စက်ခြင်းနဲ့ သက်ဆိုင်တယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက်များအရ စောစောအိပ်ရာထခြင်းသည် လုပ်ငန်းခွင်တွင် ပိုမိုအောင်မြင်နိုင်ပြီး မိမိတာဝန်များကိုလည်း မြန်မြန်ဆန်ဆန်ပြီးမြောက်အောင်မြင်နိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
အချိန်မဆွဲတတ်တော့ခြင်း

Photo Source: Vecteezy.com
တူညီတဲ့အချိန်တွင် အိပ်ရာနိုးထခြင်းသည် အချိန်ဆွဲတတ်သောအလေ့အကျင့်ကို ပျောက်စေပါတယ်။ နှိုးစက်သံကြားတဲ့အခါ နှိုးစက်သံပိတ်ပြီး ငါးမိနစ်၊ ဆယ်မိနစ်လောက် ပြန်အိပ်တတ်တဲ့အလေ့အကျင့်များသည် အိပ်ရာစောစောထတတ်တဲ့သူတွေဆီမှာ မရှိပါဘူး။
မကောင်းတဲ့အတွေးအမြင်များကို မတွေးမိတော့ခြင်း

Photo Source: Techexplorist.com
သင့်စိတ်ထဲမှာရှိတဲ့ မကောင်းတဲ့ စိတ်ခံစားချက်များ၊ အတွေးအမြင်များသည် သင့်ရဲ့အိပ်ရေး ဝခြင်း၊ မဝခြင်းနဲ့ သက်ဆိုင်နေပါတယ်။ အိပ်ရေးပျက်ပါက စိတ်ကျန်းမာရေးထိခိုက်ပြီး စိတ်ကျရောဂါကို ခံစားရစေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ တူညီတဲ့အချိန်မှာ အိပ်ရာဝင်မယ်၊ အိပ်ရာထမယ်၊ အိပ်ရေးဝဝ အိပ်မယ်ဆိုရင်တော့ သင့်ရဲ့စိတ်ထဲမှာ အကောင်းမြင်စိတ်များသာ ကိန်းအောင်းလာမှာပဲဖြစ်ပါတယ်။
မိမိဘဝအပေါ် စိတ်ကျေနပ်မှုအပြည့်အဝရရှိခြင်း

လူပေါင်း ၁၀၃၃ ယောက်အပေါ်မှာ ပြုလုပ်ထားတဲ့ လေ့လာစမ်းသပ်ချက်အရ အိပ်ချိန်နှင့် နိုးထချိန်တူညီသောသူများသည် မိမိကိုယ်ပိုင်ဘဝအပေါ် ၁၃ ရာခိုင်နှုန်းခန့် ကျေနပ်တတ်ကြပြီး မိမိရဲ့ငွေရေးကြေးရေးသည်လည်း အရင်ကထက် ၁၈ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာပြီး အလုပ်နှင့် ကိုယ်ပိုင်ဘဝ ညီမျှမှုသည်လည်း ၂၁ ရာခိုင်နှုန်းခန့် ပိုမိုစိတိကျေနပ်မှုရှိလာကြတယ်လို့ တွေ့ရှိရပါတယ်။
Source: Brightside.me
