ဒီရာသီပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်မှာနာမည်ကြီးကစားတွေရဲ့ အပြောင်း  အရွှေ့သတင်းတွေသာ လွှမ်းမိုးနေတာပါ။ဒါပေမဲ့ ပရိသက်တွေ သတိမထားမိသေးတဲ့အမေ့ ခံကစားသမားတေ ရှိပါသေးတယ်။ သူတို့က ဒဏ်ရာရကစားသမားတွေ ပွဲထွက်ခွင့် မရတဲ့ ကစားသမားကောင်းတွေပါ။ သူတို့တွေ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ တောက်ပလာနိုင်မလား။သူတို့ရဲ့ အနာဂက်တွေကဘယ်မှာလဲဆိုတာတွေကို KWEE PAGE ကနေပြောပြပေးသွားမှာပါ။

Vincent Janssen

Source: Lazy Fan Sports

Vincent Janssen ဟာ စပါးအသင်းကို ပြောင်းရွှေ့ကစားနေတာ သုံးနှစ်ခန့်ရှိသွားပါပြီ။ ဒါ ပေမဲ့ သုံးနှစ်အတွင်း ၂၇ ပွဲသာကစားထားရပြီးတော့ ၃ ဂိုးသာသွင်းယူထားပါတယ်။ပြီးခဲ့တဲ့ ဘောလုံးရာသီတလျှောက်လုံး လူစားထိုးကစားသမားအဖြစ်နဲ့သာ ကစားနေခဲ့ရပါတယ်။Janssen ဟာ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ Fenerbache အသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။ စပါးအသင်းကို ပြန်ရောက်လာတဲ့ အချိန်မှာလည်း ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်ခဲ့ရပြီး ခြေထောက်ခွဲစိတ်မှုခံယူခဲ့ရပါတယ်။

အဆိုပါကစားသမားကို စပါးနည်းပြ Pochettino က ရေရှည်အတွက်ဝယ်ယူခဲ့တာပါ။ အဆိုပါ ဒက်ခ်ျကစားသမားဟာ အသင်းဟောင်း AZ Alkmaar ကစားခဲ့စဉ်က ပွဲပေါင်း ၄၉ ပွဲကစားပြီး ၃၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ Janssen အနေန့ AZ အသင်းမှာပြခဲ့တဲ့ ခြေစွမ်းအတိုင်း စပါးအသင်းမှာ ကစားနိုင်မယ်ဆိုရင် ပုံမှန်ပွဲထွက်ခွင့်ရနိုင်ဖွယ်ရှိပါတယ်။ဒါပေမဲ့ စပါးအသင်းက Harry Kane တယောက်ကိုသာ အထောင်တိုက်စစ်အဖြစ် ထားပြီး Janssen ကိုတော့ အရံခုံမှာထားကာ လိုအပ်တဲ့အချိန်မှသာ ထုတ်သုံးဖွယ်ရှိနေပါတယ်။

 

Timothy Fosu-Mensah

Souce: The Busby Babe

Timothy Fosu-Mensah မန်ယူအသင်းရဲ့ လူငယ်ကစားသမားတဦးဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ရာသီက Fulham အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေခဲ့တာပါ။ အငှားနဲ့ ကစားနေစဉ် ဒူးဒဏ်ရာခွဲစိတ်မှုခံယူခဲ့ရပါသေးတယ်။အဆိုပါ ကစားသမားဟာ ၂၀၁၆ ခုနှစ်မှာ မန်ယူလူငယ်အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် အသင်းက ၄ နှစ်သက်တမ်း ရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မကြာခင်မှာပဲ နယ်သာလန် အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

Fosu-Mensah ဟာ Crystal Palace နဲ့ Fulham အသင်းတွေမှာ အငှားနဲ့ ကစားခဲ့ရပြီးတော့ ဒဏ်ရာပြသာတွေနဲ့ ရင်ဆိုင်နေခဲ့ရတာပါ။ မန်ယူစီနီယာ အသင်းကြီးမှာတော့ ၂၁ ပွဲသာ ကစားရပါသေးတယ်။ ပွဲအများကိုတော့ လူစားဝင်ကစားသမားအနေနဲ့ ပဲကစားခဲ့ရတာပါ။Fosu-Mensah ဟာနေရာစုံကစားနိုင်တဲ့ ကစားသမားဖြစ်ပြီးတော့ ခံစစ်ကစားရာမှာ အားသာတဲ့ ကစားသမားတဦးပါ။ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခံစစ်ပိုင်းအားနည်းမှုတွေရှိခဲ့တဲ့ မန်ယူအသင်းအတွက် Fosu-Mensah ဟာ အသုံးဝင်တဲ့ ကစားသမားဖြစ်လာနိုင်ပါတယ်။

 

Tiemoue Bakayoko

Source: Talk Sport

Tiemoue Bakayoko ဟာချဲလ်ဆီးအသင်းရဲ့ နောက်ခံကစားသမားတဦးပါ။ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ မိုနာကိုအသင်းကနေပြီးတော့ ချဲလ်ဆီးအသင်းကဝယ်ယူခဲ့တာပါ။ ချဲလ်ဆီးအသင်း ကိုပြောင်းရွှေ့ခဲ့ ပြီးနောက်ပိုင်း ပွဲထွက်ကစားခွင့်နည်းပါးခဲ့တာကြောင့် ၂၀၁၈ -၂၀၁၉ ဘောလုံးရာသီမှာ စီးရီးအေကလပ် AC Milan အသင်းကို အငှားနဲ့သွားရောက်ကစားခဲ့ပါတယ်။ AC Milan အသင်းမှာ ၃၁ ပွဲထိ အဓိကနေရာကနေ ပါဝင်ကစားပေးထားခဲ့ပါတယ်။ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ Drinkwater နဲ့ Bakayoko တို့လိုပဲ Tiemoue Bakayoko အတွက်လည်း ပွဲထွက်ကစားခွင့်များများရဖို့ အခွင့်အရေးတခုရှိနေပါတယ်။

အဲ့ဒါကတော့ အသင်းရဲ့ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရတာပါပဲ။ ကစားသမားခေါ်သစ် ခေါ်ယူခွင့် မရှိတာကြောင် ချဲလ်ဆီးအသင်းဟာ အငှားချထားတဲ့ ကစားသမားတွေကို ပြန်လည်ခေါ်ယူနေပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ ရှိနေပါတယ်။ အဆိုပါပြင်သစ်ကစားသမားဟာ မိုနာကိုအသင်းမှာ ရှိစဉ်တုံးက ကွင်းလယ်အဖျက်နေရာမှာ ကစားခဲ့ပြီး ပြိုင်ဖက်အသင်းရဲ့ တိုက်စစ်လာမှုတွေကို အကောင်းဆုံး ဟန့်တားနိုင်တဲ့ ကစားသမားပါ။အသက် ၂၄ သာရှိသေးတဲ့ Bakayoko လာမဲ့ရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပွဲထွက် ကစားခွင့်ရခဲ့မယ်ဆိုရင် ကွင်းလယ်မှာ ခြေစွမ်းပြနိုင်မယ့် ကစားသမားတဦးပါ။