သင့်မှာ တက်တူးထိုးဖို့ စိတ်ကူးရှိရင် အတော်လေး ပြင်ဆင်ပြီး ဖြစ်မှာပါ။ ကိုယ်ထိုးချင်တဲ့ တက်တူးဒီဇိုင်း ၊ သွားမယ့်ဆိုင် နဲ့ စျေးနှုန်းကအစ စုံစမ်းထားနှင့်ပြီး ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ တက်တူးထိုးပြီး ရက်အနည်းငယ်အတွင်းမှာ ရှောင်ရှားသင့်တဲ့ အချက်တွေအကြောင်း ပြောထားပါတယ်။

တက်တူးသစ်လေး ထိုးထားရင် ဆေးအရောင်မမှိန်စေဖို့ဆိုရင်

Photo: liberex beauty

– တက်တူးကို ရေထဲ စိမ်နှစ်ထားတာမျိုး မလုပ်ပါနဲ့
– အရေပြားတွေ ဆန့်/ကျုံ့နိုင်တဲ့ လေ့ကျင့်ခန်းတွေ ရှောင်ပါ
– တင်းကြပ်လွန်းတဲ့ အဝတ်အစားမျိုး မဝတ်ပါနဲ့
– တက်တူးနေရာကို ပွတ်တာ ၊ ကုတ်တာမျိုး မလုပ်ပါနဲ့
– တိုက်ရိုက်နေရောင်အောက်မှာ အကြာကြီး မနေမိပါစေနဲ့

Photo : Istock

နောက်တစ်ခုက တက်တူးခရမ်နဲ့ လိုရှင်းတွေလည်း အရွေးမှန်ဖို့ လိုပါတယ်။ တက်တူးအသစ် ထိုးထားရင် အရက် ၊ တစောင်းလက်ပတ် ၊ Baby Oil ၊ Bag Balm ၊ Mineral Oil ၊ Neosporin ၊ Noxzema ၊ Peroxide ၊ Vaseline နဲ့ Vitamin E စတဲ့ ပါဝင်ပစ္စည်းတွေ ပါတဲ့ ခရမ်နဲ့ လိုးရှင်းတွေ ရှောင်ပါ။ အပြင်ထွက်ချိန်မှာ နေရောင်ကို လုံခြုံအောင် ကာကွယ်ပေးနိုင်မယ့် လက်ရှည်ဝတ်ပါ။တက်တူးထိုးပြီး အနာဖြစ်တာ ၊ ပိုးမွှားကူးစက်ခံရတာမျိုး တွေ့ရတယ်ဆိုရင် ကိုယ့်ရဲ့ တက်တူးဆရာကိုဖြစ်စေ ဆရာဝန်ကို တိုင်ပင်တာဖြစ်စေ လုပ်သင့်ပါတယ်။