ပွဲတက်ဝတ်စုံတွေအကြောင်း ပြောမယ်ဆိုရင် Wedding Outfits တွေလည်း ချန်ထားခဲ့လို့ မသင့်ပါဘူး။ ကိုယ်က မင်္ဂလာဆောင်ပွဲတစ်ခုမှာ ဧည့်သည်အဖြစ် တက်ရောက်မယ်ဆိုရင် မြန်မာဝတ်စုံပဲ ဝတ်ဝတ် ၊ အနောက်တိုင်းစတိုင် Formal Suit နဲ့ပဲ တက်တက် ဖြစ်ပါတယ်။ မင်္ဂလာပွဲထဲက သတို့သား ၊ သတို့သမီးတွေရဲ့ ဖက်ရှင်နဲ့ ပိုပြီး Match ဖြစ်ရင် ပိုကောင်းတာပေါ့။ မဖြစ်လည်း ကိစ္စမရှိပါဘူး။ သပ်ရပ်သားနားတဲ့ Dress Code ဖြစ်ရင် ရပါတယ်။ အခုပြောမယ့် ဖက်ရှင်တွေကတော့ သူများမင်္ဂလာဆောင် သွားရင် ဝတ်မလာသင့်ပါဘူး။

(၁) အပွင့်အခက်ပါတဲ့ ဖက်ရှင်တွေ

Photo: Pinterest

ပြောင်ပြောင်လက်လက်နဲ့ အပွင့်အခတ်တွေပါတဲ့ အဝတ်အစားမျိုးကတော့ မဖြစ်မနေကို ရှောင်ရမှာပါ။ မင်္ဂလာဆောင်ဆိုတာ ဖက်ရှင်ရှိုးမဟုတ်သလို ဘော်ဒါတွေ စုပြီး ကဲကြတဲ့ အထူးပါတီပွဲမျိုးလည်း မဟုတ်ပါဘူး။

(၂) ဘောင်းဘီတို

Photo: Pinterest

ပူတဲ့ရာသီမျိုးမှာ လက်ဖက်ရည်ဆိုင် ထွက်တာ ၊ ပေါ့ပေါ့ပါးပါး လျှောက်သွားတာမျိုးမှာ ဘောင်းဘီတိုဝတ်တာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် မင်္ဂလာဆောင်ကိုတော့ ဘယ်သူမှ ဘောင်းဘီတိုနဲ့ မလာသင့်ဘူးဆိုတာ သိထားဖို့ လိုပါတယ်။

(၃) Jeans

Photo: Pinterest

Casual ဖက်ရှင် ကြိုက်တတ်ရင်တောင် Wedding မှာ Jeans Pant တွေ ရှောင်သင့်ပါတယ်။ Dress-Code ကြီးနဲ့ ဝတ်စုံပြည့်ဝတ်ပြီး ပွဲမတက်ချင်ရင်တောင် Chino Pant လေးလောက်နဲ့ လာသင့်ပါတယ်။

(၄) ဂရပ်ဖစ် ၊ လိုဂိုနဲ့ ပြောင်ပြောင်လက်လက် တီရှပ်များ

Photo: Wall Street Journal

အကောင်းဆုံးက တီရှပ်မဝတ်ဘဲ ရှပ်လက်ရှည်သန့်သန့်လေး ဝတ်လာဖို့ပါပဲ။ လီနင်ရှပ်လက်ရှည်လေး မီးပူထိုးပြီး ဝတ်လာရင်တောင် ကြည့်ကောင်းပါလိမ့်မယ်။

(၅) ဦးထုပ်

Photo : Bellatory

မင်္ဂလာဆောင်ကို ဦးထုပ်ကြီးဆောင်းပြီး ဝင်မလာသင့်တာတော့ အတော်များများ သိကြမှာပါ။