လူဆိုတာ လှည့်လည်သွားလာတဲ့ သတ္တဝါတစ်မျိုးပါပဲ။ ဒါကြောင့် ခရီးသွားတယ်ဆိုတာ သိပ်မဆန်းပါဘူး။ ခရီးကို စမတ်ကျကျ သွားတတ်သူတွေအတွက်သာ နည်းနည်းဆန်းပါတယ်။ စမတ်ကျကျ ခရီးသွားမယ့်သူတွေအတွက် ရှောင်ကြဉ်သင့်တဲ့ ဖက်ရှင်တွေအကြောင်း ပြောပြချင်ပါတယ်။

(၁) သတ္တုအသုံးအဆောင်တွေ အများကြီး ယူတာ

man preparing for travel

Photo: Unsplash

ခရီးသွားရင် တတ်နိုင်သမျှ ဝန်ပိုနည်းအောင် လုပ်ဖို့ အရေးပါတယ်။ ဒါမှ ခရီးသွားရတာ ပိုပြီး အဆင်ပြေ သက်တောင့်သက်သာရှိမှာပါ။ နောက်ပြီး ခရီးသွားမယ်ဆိုရင် ရွှေငွေ သတ္ထုတွေ တတ်နိုင်သလောက် မယူသွားတာ အကောင်းဆုံးပါပဲ။ တန်ဖိုးကြီး ရွှေငွေသတ္ထုတွေ ခရီးမှာ ယူသွားတာဟာ အန္တရာယ်လည်း ကြီးသလို သွားရေးလာရာမှာလည်း ပြဿနာကလွဲပြီး ဘာရယ်မှ အကျိုးမများလို့ ဖြစ်ပါတယ်။

(၂) ရှုပ်ထွေးတဲ့ ဖိနပ်ကြိုးတွေနဲ့ ဖိနပ်စီးတာ

man looking at flight schedule

Photo: Unsplash

ခရီးသွားဖိနပ်စီးမယ်ဆိုရင် ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာရှိတဲ့ အားကစားသုံး Sneaker မျိုး စီးတာ အကောင်းဆုံးပါပဲ။ ဖိနပ်ကလည်း ခြေထောက် အလွယ်တကူ လျှိုစီး/ချွတ်လို့ လွယ်မယ့် ကြိုးပျောက် Laceless စတိုင်မျိုး ရွေးချယ်သင့်ပါတယ်။ တော်ရုံပြေးဟယ်လွှားဟယ် သွားမယ်ဆိုရင်လည်း သက်တောင့်သက်သာရှိပြီး ဖိနပ်ကြိုးအလွယ်တကူ ချွတ်လို့ရမယ့် ဖိနပ်မျိုးက အကောင်းဆုံးပါပဲ။ နည်းနည်း Formal ကျချင်ရင်တော့ Chelsea Boots မျိုး ရွေးချယ်နိုင်ပါတယ်။

(၃) အနံ့ပြင်းတာတွေ သုံးတာ

perfume bottle

Photo: Unsplash

ရေမွှေးဆိုတာ ယဉ်ယဉ်လေး သင်းပျံ့တဲ့ အနံ့မျိုးမှ လူတွေ သဘောကျကြတာပါ။ အနံ့ပြင်းတဲ့ Cologne တွေ သိပ်သုံးတာဟာ ယောင်္ကျားမဆန်စေသလို ကိုယ့်အနားရောက်လာတဲ့သူတွေကိုလည်း စိတ်အိုက်စေ အနှောင့်အယှက်ဖြစ်စေပါတယ်။ ခရီးသွားဖို့ ကား ၊ ရထား စီးမယ်ဆိုရင် အနံ့ပြင်းတဲ့ ရေမွှေးတွေ လုံးလုံး မသုံးတာ အကောင်းဆုံးပါပဲ။ ခရီးသွားရင်း လန်းလန်းဆန်းဆန်း ကြည်ကြည်နူးနူးဖြစ်ချင်ရင် နည်းနည်းအနံ့ညင်သာတဲ့ ရေမွှေးတစ်မျိုးမျိုး သုံးဖို့ အကြံပေးချင်ပါတယ်။