တွင်ကျယ်ပျံ့နှံ့လှတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ဦးဆောင်လုပ်ကိုင်နေတဲ့ ဘယ်သူမဆိုကတော့ ကိုယ့်လုပ်ငန်းအောင်မြင်မှုရရှိတာ၊ ရေရှည်တည်တံ့တာမျိုးကို လိုချင်မက်မောကြသူတွေချည်းပါပဲ။

သို့သော်လည်း ဘယ်အရာမဆို လွယ်လင့်တကူမရနိုင်သလိုမျိုးပဲ လုပ်ငန်းတစ်ခုစီတိုင်း အောင်မြင်မှုရရှိဖို့အတွက်ကလည်း လျှို့ဝှက်ချက်တွေ များစွာရှိပါတယ်။ ဒီလျှို့ဝှက်ချက်တွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ အခုပဲ အတူတူကြည့်လိုက်ရအောင်ပါ။

ဝန်ထမ်းကောင်းတွေ

Source: Business to Community

လုပ်ငန်းတစ်ခုဟာ ကိုယ်တစ်ယောက်ထဲနဲ့ လုပ်ကိုင်လို့မရပါဘူး။ သက်ဆိုင်နယ်ပယ်တွေမှာ ကျွမ်းကျင်ထက်မြက်တဲ့ ဝန်ထမ်းကောင်းတွေလိုအပ်ပါတယ်။

ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေကို သိဖို့လိုတယ်

Source: Purdue Extension Community Development – Purdue University

မိမိဝန်ထမ်းတွေ တစ်ယောက်ချင်းစီမှာ ဘယ်လိုထူးချွန်တဲ့အရည်အချင်းတွေ ရှိနေတယ်ဆိုတာ သိရှိထားဖို့လိုအပ်ပါတယ်။ ထမ်းဆောင်ရတဲ့တာဝန်နဲ့ ရှိနေတဲ့အရည်အချင်းမကိုက်ညီရင် လုပ်ငန်းကဘယ်လိုမှ မတွင်ကျယ်နိုင်ပါဘူး။

ဝန်ထမ်းတွေ အပေါ်သစ္စာရှိဖို့လိုတယ်

Source: Personnel Today

ဝန်ထမ်းကပဲ လုပ်ငန်းရှင်(သူဌေး)အပေါ် သစ္စာရှိရမှာ မဟုတ်ပါဘူး။ သူဌေးကလည်း ဝန်ထမ်းအပေါ်ပြန် သစ္စာရှိဖို့လိုအပ်ပါတယ်။ ကိုယ့်ဝန်ထမ်းရဲ့အခက်အခဲ၊ ဒုက္ခတွေကို တတ်နိုင်သလောက်ဖြေရှင်းပေးပြီးလုပ်ငန်း ပိုင်းဆိုင်ရာသစ္စာရှိနိုင်ရင်အကောင်းဆုံးပါပဲ။

မိသားစုလို သဘောထားဖို့လိုတယ်

Source: Family Lawyer Magazine

လုပ်ငန်းရှင်တိုင်းပြောတတ်ကြတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါကတော့ ဝန်ထမ်းတွေအပေါ် မိသားစုလို သဘောထားတယ် ဆိုတာပါပဲ။ ဒါပေမယ့် အပေါ်ယံနားထောင်ကောင်းရုံပြောတာမျိုးမဟုတ်ဘဲ တကယ့်စစ်မှန်တဲ့ မိသားစုပုံစံမျိုးသဘောထားဖို့ လိုအပ်ပါတယ်။ အေးအတူ ပူအမျှ စိတ်ဓာတ်က ဝန်ထမ်းနဲ့ သူဌေးကြားမှာ အလိုအပ်ဆုံးပါပဲ။