ကောင်မလေးတစ်ယောက်နဲ့ ချိန်းတွေ့ရမယ့် ကိစ္စဟာရင်ခုန်စရာကောင်းသလို ကောင်းကောင်းပြင်ဆင်မှုလုပ်ဖို့လည်းလိုပါတယ်။ ကိုယ်နဲ့ တွေ့ရမယ့် ကောင်မလေးဟာ ကိုယ်အလေးအနက်ထားရတဲ့ ဘဝလက်တွဲဖော်လည်း ဖြစ်နိုင်ပါတယ်။ ပထမဆုံးအကြိမ်ဒိတ်လုပ်ချိန်မှာ ဝတ်စားဆင်ယင်မှုဟာလည်း အရေးပါတာပေါ့။ ဒါကြောင့် First Date မှာဘယ်လိုဝတ်စားရမလဲဆိုတာပြောပြပေးချင်ပါတယ်။

(၁) လိုက်ဖက်အောင်ဝတ်ပါ

Handsome tall arabian beard man model at stripped shirt posed outdoor

Photo : Freepik

သင်နဲ့ လိုက်ဖက်ပြီး Fit ဖြစ်တဲ့ ဝတ်စုံကို အရင်ရွေးပါ။ ဈေးကြီးတာ ဝတ်ရင် ကောင်မလေး အထင်ကြီးမှာပဲ ဆိုပြီး Suit ကြီး ဝတ်သွားတာမျိုး မလုပ်ပါနဲ့။ သင့်မှာ T-Shirt နဲ့ Jeans ပဲ ရှိတော့ ဘာဖြစ်လဲ။ သင့်ကိုယ်လုံးကိုယ်ပေါက်နဲ့ အချိုးကျနေတယ် ၊ ဝတ်လို့လည်း သက်တောင့်သက်သာ ရှိနေတယ်ဆိုရင် ပြဿနာမရှိပါဘူး။

(၂) နာရီဝတ်ပါ

Man Wearing Watch

Photo : Just A Guy Thing

နာရီဝတ်တဲ့သူတွေဟာ လူတွေအကြားမှာ ထူးခြားနေတယ်လို့ ခံစားမိစေပါတယ်။ နာရီတစ်လုံးဟာ သင့်ရဲ့ ရှိရင်းစွဲ Rank ကို မြှင့်ပေးနိုင်လို့ လူအကြား သွားမယ်ဆိုရင် နာရီကောင်းကောင်း ပတ်သွားတာ အကောင်းဆုံးပါပဲ။

(၃) ဖိနပ်ကောင်းကောင်းစီးပါ

man wear a Chelsea Boot

Photo : The Adult Man

မိန်းကလေးတွေဟာ ခေါင်းအစခြေအဆုံး စူးစမ်းတတ်သူတွေပါ။ သင်ဘာပဲ ဝတ်လာဝတ်လာ ဖိနပ်ခပ်ညံ့ညံ့စီးလာရင် အမှတ်လျှော့မှာပါ။ ဒီတော့ First Date မှာ ဖိနပ်ကောင်းကောင်း စီးသွားဖို့လည်း မမေ့ပါနဲ့။

Featured Photo : Perpetual Magazine