မနက်ခင်းမှာ ထက်သန်ရင် တစ်နေကုန် အားမာန်အပြည့်နဲ့ တက်ကြွနေတတ်ပါတယ်။ ဒီတော့ မနက်ခင်းမှာ လုပ်တဲ့ အလေ့အကျင့်တွေဟာ တစ်နေ့တာအတွက် အရေးကြီးလှပါတယ်။ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တော်တော်များများရဲ့ မနက်ခင်း အလေ့အထများအကြောင်း လေ့လာရာမှာတော့ တူညီတဲ့ အချက်တစ်ချို့ ရှိနေပါတယ်။

(၁) နိုးနိုးချင်း ကျေးဇူးတင်တတ်တဲ့အကျင့် လုပ်ထားကြပါတယ်

Source: pexels

မိုးသောက်လို့ မနက်အိပ်ယာထချိန်မှာ နောက်ထပ် တစ်နေ့တာ ဖြတ်သန်းခွင့်ရတဲ့အတွက် ဘုရားသခင် ၊ လောကကြီးနဲ့ ကိုယ့်ကိုနိုးစေတဲ့ အရာကို စက္ကန့် ၂၀ စာ ကျေးဇူးတင်တဲ့ အကျင့်တစ်ချို့ ရှိကြပါတယ်။ တစ်ချို့သူတွေကတော့ နိုးလာချိန်မှာ သတိနဲ့ နိုးပြီး မနက်ခင်းရဲ့ သာယာမှုကို ခံစားရင်း ပျော်ပျော်ရွှင်ရွှင် နိုးလာကြပါတယ်။

(၂) ဖုန်းကို ချက်ချင်း မကိုင်ဘူး

Source: pexels

မနက်နိုးနိုးချင်း ဖုန်းဖွင့်ကြည့်တတ်သူတွေထဲမှာ အောင်မြင်သူတွေ မပါပါဘူး။ သူတို့ဟာ မနက်အိပ်ယာထလို့ နာရီဝက် တစ်နာရီခွဲအတွင်း ဖုန်းမကိုင်ဘဲ မနက်ခင်းမှာ လုပ်စရာ ရှိတဲ့ သန့်ရှင်းရေး လုပ်တာ ၊ ကော်ဖီဖျော်တာ ၊ သတင်းစာဖတ်တာလိုမျိုး ကိစ္စလေးတွေပဲ လုပ်ပါတယ်။ ဖုန်းကိုင်ရင်လည်း သတင်းဖတ်တာ ၊ အီးမေးလ်စစ်တာလောက်ပဲ လုပ်ပါတယ်။ ဒါကလည်း ညတုန်းက ဘာတွေ ထူးခဲ့သလဲပဲ ပြန်ကြည့်တာ ဖြစ်ပါတယ်။

(၃) ကိုယ့်အိပ်ယာ ကိုယ်သိမ်းပါတယ်


Source: pexels

တစ်နေ့လုံးမှာ ကိုယ့်ကိုယ်ကို အစီအစဉ်တကျ ဖြစ်စေဖို့ ကိုယ့်အိပ်ယာကို သပ်သပ်ရပ်ရပ် ခေါက်တာကနေ စတင်သင့်တယ်လို့ အောင်မြင်ထင်ရှားသူ တစ်ချို့ က လက်ခံထားကြပါတယ်။ ကိုယ့်အိပ်ယာ ကိုယ်သိမ်းတာဟာ ကိုယ့်အမိန့်ကို နာခံခြင်းတစ်မျိုးလည်း ဖြစ်ပြီး တစ်နေ့တာ ခရီးအတွက် ပထမဆုံး ကိုယ့်ရဲ့ စိတ်ဓါတ်ကို ပဲ့ပြင်တဲ့ အချက်လည်း ဖြစ်ပါတယ်။

(၄) တစ်နေ့တာ လုပ်ရမယ့် စာရင်း ချရေးပါတယ်

Source: pexels

ဒီနေ့ လုပ်မယ့် အလုပ်တွေနဲ့ တွေ့ရမယ့် လူတွေကို စာအုပ်ပေါ် ချရေးထားပြီး လက်တွေ့အကောင်အထည်ဖော်တာဟာ အစီအစဉ်ပိုကျပြီး အလုပ်လည်း ဆယ်ဆပိုတွင်ပါတယ်။ လုပ်ရတဲ့ အလုပ်တစ်ခုချင်းစီပေါ်လည်း အာရုံပိုစိုက်နိုင်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်တယ်

Source: pexels

ဒီနေ့ကမ္ဘာမှာ အောင်မြင်နေတယ်ဆိုတဲ့ သူတွေဟာ ကိုယ်ရော စိတ်ကိုပါ ဂရုစိုက်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မနက်ခင်း အိပ်ယာသိမ်း ၊ ကိုယ်လက်သန့်စင်ပြီးတာနဲ့ အပြေးလေ့ကျင့်ခန်းလိုမျိုး ပေါ့ပေါ့ပါးပါး အားကစားနည်းတွေ လုပ်တတ်ပါတယ်။ ဒီအလေ့အကျင့်ကောင်းတွေကြောင့် နေ့တိုင်းမှာ လူဟာ ကျန်းမာဖျတ်လတ်ပြီး လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးမှာ သူတို့ဟာ အများထက် သာနေကြတာ ဖြစ်ပါတယ်။