သတိရတယ်၊ လွမ်းတယ်ဆိုတဲ့ ခံစားချက်က ခံစားရခက်တဲ့ဝေဒနာတစ်ခုပါပဲ။ ကိုယ်သတိရနေတဲ့သူက ကိုယ်နဲ့သက်ဆိုင်မှုရှိနေတဲ့သူ၊ ကိုယ့်ကောင်မလေးဆိုရင်တော့ ပြဿနာမရှိပေမယ့်၊ ကိုယ်နဲ့ မသက်ဆိုင်တော့တဲ့သူ၊ ကိုယ့်ရဲ့ရည်းစားဟောင်းကို သတိရမိရင်တော့ ကူကယ်ရာမဲ့နေသလို ခံစားနေရမှာပါ။

ဘာမှမသက်ဆိုင်တော့တဲ့သူတစ်ယောက်ကို ကိုယ်လွမ်းနေတဲ့အကြောင်း ဖွင့်ပြောလို့မရတဲ့အခါ ဘာတွေပြုလုပ်သင့်လဲ။

ကိုယ့်ခံစားချက်ကို အရှိအတိုင်းလက်ခံလိုက်ပါ။

Source: Freepik.com

ကိုယ့်ရဲ့ ဝမ်းနည်းမှု၊ အထီးကျန်မှု၊ လစ်ဟာနေသလို ခံစားနေရခြင်းကို ဖိနှိပ်ပစ်လိုက်ပြီး ထိုခံစားချက်ကို ထိပ်တိုက်ရင်မဆိုင်ဘဲ ထွက်ပြေးနေခြင်းက နည်းလမ်းကောင်းမဟုတ်ပါဘူး။ ကိုယ်ယုံကြည်ရတဲ့တစ်စုံတစ်ယောက်ကို ရင်ဖွင့်ကြည့်ပါ။ ငိုချင်တယ်ဆို ငိုချလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် မွန်းကြပ်နေတာတွေ ပျောက်ပျက်သွားမှာပါ။

ကိုယ့်ရဲ့ ခံစားချက်များကို ချရေးလိုက်ပါ။

Source: Freepik.com

ကိုယ့်သူငယ်ချင်းတွေကို ခဏခဏရင်ဖွင့်နေရတာ အားနာသလိုခံစားမိတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ခံစားချက်တွေကို ချရေးထားလိုက်ပါ။ ပြီးရင် ထိုရေးထားတဲ့စာရွက်တွေကို စိတ်ရှိလက်ရှိနနဲ့ အားရပါးရဆုတ်ဖြဲပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပါ။ ဒီနည်းလမ်းလေးကလည်း ထိရောက်မှုရှိတဲ့နည်းလမ်းကောင်းတစ်ခုပါပဲ။

သူငယ်ချင်းများနဲ့ များများအချိန်ဖြုန်းပါ။

Source: Freepik.com

ဖုန်းပဲ တစ်ချိန်လုံးသုံးပြီး ဆိုရှယ်မီဒီယာများနဲ့သာ အချိန်ကုန်နေခြင်းက သင့်ကိုပိုပြီး အထီးကျန်စေမှာပါ။ ဒါ့ကြောင့် သူငယ်ချင်းတွေနဲ့ အပြင်သွားပါ။ လျှောက်လည်ပါ။ အိမ်ထဲမှာပဲ တစ်ယောက်တည်း မနေပါနဲ့။

ကိုယ့်ရဲ့ အာရုံကိုဖမ်းစားနိုင်မယ့် အလုပ်တစ်ခုခုပြုလုပ်ပါ။

Source: Freepik.com

အားကစားတစ်ခုခုပြုလုပ်ခြင်း၊ စာဖတ်ခြင်း၊ အသစ်အဆန်းတစ်ခုခုကို သင်ယူလေ့လာခြင်းက သင့်ရဲ့ သတိရစိတ်တွေကို ဖြေဖျောက်ပေးနိုင်မှာပါ။

အားလပ်ချိန်မရှိအောင်လို့ ကိုယ့်ရဲ့တစ်နေ့တာအချိန်ဇယားကို သေချာဆွဲထားပါ။

Source: Freepik.com

အားလပ်ချိန်တွေ များလာတဲ့အခါ ပျင်းရိငြီးငွေ့လာပြီး အတွေးပေါင်းစုံဝင်လာပါလိမ့်မယ်။ ထိုမှတဆင့် အထီးကျန်တဲ့စိတ်ခံစားချက်က တဖြည်းဖြည်းနေရာယူလာပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့တစ်နေ့တာအချိန်ဇယားကို လစ်လပ်မှုမရှိအောင် ဆွဲထားလိုက်ပါ။

အရာအားလုံးကို အသစ်အဆန်းပြောင်းလဲလိုက်ပါ။

Source: Freepik.com

ကိုယ့်ရဲ့ ဆံပင်စတိုင်လ်၊ အဝတ်အစားဖက်ရှင် စတဲ့ အသေးအဖွဲကအစ ပြောင်းလဲလိုက်ပါ။ ကိုယ့်နေအိမ်ရဲ့ အပြင်အဆင်တွေကိုလည်း အသစ်ပြောင်းလဲလိုက်ပါ။ ဝါသနာအသစ်ရှာဖွေပါ။ ကိုယ် မရောက်ဖူးတဲ့နေရာသစ်တွေကို သွားရောက်လည်ပတ်ပါ။ ပတ်ဝန်းကျင်အသစ်များက သင့်ရဲ့ စိတ်ခံစားချက်ကို အသစ်အဆန်းခံစားရအောင် ကူညီပေးပါလိမ့်မယ်။