ကိုယ်ကာယလေ့ကျင့်ခန်းတိုင်းက အားသုံးရလို့ Energy လိုပါတယ်။ လူအတွက် လိုအပ်တဲ့ စွမ်းအင်ကို အစားအသောက်ကနေ ရပါတယ်။ Physical Training လုပ်နေချိန်မှာ မှန်ကန်တဲ့ အစားအသောက် ၊ ထိ‌ရောက်တဲ့ လေ့ကျင့်မှုစနစ်နဲ့ မျှတတဲ့ အနားယူအားဖြည့်မှုတွေက အရေးကြီးဆုံးအချက်တွေ ဖြစ်ပါတယ်။

ခန္ဓာကိုယ်စွမ်းအင်ပြည့်နေဖို့အတွက် အရေးကြီးတဲ့ အစားအသောက်တွေကို သိထားရင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရာမှာ ပိုပြီး ထိရောက်မှု ရှိမှာပါ။ လေ့ကျင့်ခန်းမလုပ်ခင်မှာ စားတဲ့ အစားအစာတွေဟာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ချိန် စွမ်းဆောင်ရည်ပေါ် သက်ရောက်မှု ရှိပါတယ်။ အစားအသောက်မှန်ကန်လေလေ အားကစားလုပ်လို့ ပိုကောင်းလေလေ ဖြစ်ပါတယ်။

Photo: cheatsheet

အားကစားလုပ်ဖို့ ၂ နာရီနဲ့ ၃ နာရီအလိုမှာဆိုရင် ဆန်းဒဝှစ်ချ် ဒါမှမဟုတ် ဂျုံပေါင်မုန့်တစ်ခုခု ၊ ငါး ၊ အမဲသား နဲ့ အရွက်သုပ်တစ်မျိုးမျိုး ၊ ကြက်ဥကြော်နဲ့ ထောပတ်သီးဖျော်ရည်တစ်ခုခု စားသောက်နိုင်ပါတယ်။ အစာချေဖျက်ဖို့ ကြာတဲ့ ပြည့်ဝဆီနဲ့ ပရိုတိန်းတွေ အများကြီး စားတာမျိုး ရှောင်သင့်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်မြင့်ပြီ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကွေကာ ၊ ပေါင်မုန့်ကြမ်း စတာတွေလည်း စားပေးနိုင်ပါတယ်။

၂ နာရီအတွင်း အားကစားလုပ်မယ်ဆိုရင် နွားနို့နဲ့ လုပ်တဲ့ ပရိုတိန်း Smoothie တစ်ခွက် ၊ ငှက်ပျောသီးနဲ့ ဘယ်ရီသီးတွေ ၊ ကွေကာအုပ်တစ်ခွက် သောက်သုံးနိုင်ပါတယ်။ ရေဓါတ်ကတော့ ကြိုတင်ပြီး ဖြည့်ထားရမှာပါ။ အဆီနည်းတဲ့ ဒိန်ချဉ်လိုမျိုးတွေလည်း စားနိုင်ပါတယ်။ တကယ်လို့ အားကစားလုပ်ဖို့ အချိန်က သိပ်မရတောဘူးဆိုရင်တော့ သစ်သီးတစ်မျိုးမျိုး စားပေးလို့ရပါတယ်။

Photo: MensJournal

များသောအားဖြင့် ငှက်ပျောသီး ၊ ပန်းသီးနဲ့ လိမ္မော်သီး တစ်လုံးလုံး ကြိုစားထားနိုင်ပါတယ်။ တစ်ချို့တွေကလည်း ဝိတ်မလို့ ကောင်းအောင် ကော်ဖီတစ်ခွက် သောက်ကြပါတယ်။ ကဖိန်းဓါတ်ဟာ စွမ်းဆောင်ရည်မြှင့်ပေးပြီး ခွန်အားနဲ့ စွမ်းအင် တိုးမြှင့်စေတဲ့အပြင် မောပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။
Workout မလုပ်ခင် ကော်ဖီသောက်မယ်ဆိုရင် မိနစ် ၂၀ နာရီဝက်လောက် ကြိုသောက်သင့်ပါတယ်။ ကဖိန်းရဲ့ အစွမ်းဟာ သောက်သုံးပြီး မိနစ် ၉၀ မှာ အမြင့်ဆုံး ရောက်တာကြောင့် ဖြစ်ပါတယ်။ တစ်နေ့လုံး စားတဲ့ အစားအသောက်ထဲမှာ ကာဗွန်ဟိုက်ဒရိတ်ဓါတ် ၊ ပရိုတိန်းဓါတ်နဲ့ အဆီဓါတ် မျှမျှတတ ပါဝင်ဖို့လည်း ဂရုစိုက်သင့်ပါတယ်။