ကိုယ် ကြိတ်ခရက်ရှ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ဒိတ်ဖို့အတွက် အောင်အောင်မြင်မြင်နဲ့ စည်းရုံးနိုင်ခဲ့ပေမယ့် First Date မှာ စိတ်လှုပ်ရှားလွန်ပြီး ဘာတွေပြောလို့ ပြောရမှန်းမသိဖြစ်နေပါသလား။ ထိုကောင်မလေးက သင့်ကို First Date ကတည်းက ကြွေသွားအောင် ကြိုးစားချင်ပါသလား။

သူ့အကြိုက် ကိုယ့်အကြိုက် စိတ်ဝင်စားစရာများကို ဖလှယ်ပါ

tips for men on a first date

သူ(မ)က ဘယ်လိုရုပ်ရှင်မျိုး၊ သီချင်းမျိုး၊ အဆိုတော်အဖွဲ့တွေကို နှစ်သက်သလဲဆိုတာ မေးမြန်းကြည့်ပါ။ သူ(မ) စိတ်ဝင်စားတဲ့အရာကို သင်လည်း သိတယ်ဆိုရင် သင် ဘယ်လောက်ထိသိကြောင်း ပြောကာ သင်တို့ရဲ့စကားပြောကို အနေအထားပိုသွက် ၊ အခြေအနေပိုကောင်းလာစေပါတယ်။ သင့်ဘက်က ထိုအရာတွေအကြောင်း မသိဘူးဆိုရင်လည်း သူ(မ)က အားရပါးရနဲ့ စိတ်ဝင်တစားရှင်းပြပေးပါလိမ့်မယ်။

သူ(မ) ငယ်ငယ်တုန်းက အကြောင်းအရာများကို မေးမြန်းပါ

tips for men on a first date

သူ(မ) ကလေးဘဝက ပျော်ဖို့ကောင်းလား။ ဘယ်လိုဖြတ်သန်းခဲ့ရလဲ။ ဘယ်လိုဟာသလေးတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာ မေးမြန်းကြည့်ပါ။ သင့်ငယ်ဘဝအကြောင်းလည်း အပြန်အလှန်ပြောကြားကာ သင်တို့ရဲ့ရင်းနှီးမှုကို ပိုမိုမြန်ဆန်လာအောင် ဖန်တီးယူလိုက်ပါ။

အစားအစာတွေအကြောင်းပြောပါ

tips for men on a first date

မိန်းကလေးအများစုကတော့ အရသာရှိတဲ့ အစားအစာတွေကို နှစ်သက်ကြပါတယ်။ သူ(မ)အကြိုက်ဆုံး အစားအစာကို သိထားတယ်ဆိုရင် နောင်တချိန် သမီးရည်းစားတွေဖြစ်သွားလို့ သူ(မ) စိတ်ကောက်တဲ့အခါမျိုးမှာ သူ(မ)အကြိုက်ဆုံးအစားအစာနဲ့ ပြန်ချော့နိုင်တာပေါ့။

သူ့ရည်မှန်းချက် ကိုယ့်ရည်မှန်းချက်များ ဖလှယ်ပါ

tips for men on a first date

နောင် ငါးနှစ်၊ ဆယ်နှစ်ကြာတဲ့အခါမှာ ဘယ်လိုအနေအထားမျိုး ရောက်ချင်သလဲ။ သူ့ရည်မှန်းချက် ကိုယ့်ရည်မှန်းချက်များကို ဖလှယ်ပါ။ နှစ်ယောက်စလုံးက ရည်မှန်းချက် ကြီးမားတဲ့သူတွေဆိုရင်တော့ သူ့အနာဂတ် ကိုယ့်အနာဂတ်အတွက် အပြန်အလှန်ကူညီဖေးမရင်း လက်တွဲရှေ့ဆက်နိုင်ပါတယ်။

ဟာသဉာဏ်ရွှင်ပါစေ

tips for men on a first date

First Date မှာ သင့်အနေနဲ့ ဟာသဉာဏ်ရွှင်ဖို့လိုပါတယ်။ ကိုယ်က ရှက်ပြီး စိတ်လှုပ်ရှားလွန်းလို့ဆိုပြီးတော့ မှာထားတဲ့ အစားအစာတွေပဲ စွတ်စားနေလို့ မရပါဘူး။ သင့်ကို တစ်မျိုးထင်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဘယ်လိုဟာသမျိုးလေးတွေက အသုံးတည့်မလဲဆိုတာ အစကတည်းက သေသေချာချာစဉ်းစားသွားပါ။ ကောင်မလေးက First Date မှာ ရယ်ရယ်မောမောနဲ့ ပြုံးရွှင်နေမယ်ဆိုရင်တော့ သင့်အတွက် အလားအလာကောင်းပါတယ်။

Source: Lovepanky.com

Featured Image Source: Insider.com