ပွင့်လင်းရာသီ‌ရောက်လို့ ခရီးထွက်မယ်ဆိုရင် ဘယ်နေရာတွေ သွားမလဲ အရင်စဉ်းစားကြပါလိမ့်မယ်။ သွားမယ့်နေရာသိပြီ ဆိုရင် ဘာဝတ်ရမလဲဆိုပြီး စဉ်းစားရတော့မှာပါ။ ခရီးထွက်တဲ့အခါ ဝတ်တဲ့ အဝတ်အစားဟာ ခရီးသွားနေတုန်း သက်တောင့်သက်သာရှိဖို့အပြင် သွားမယ့်နေရာ ၊ ရာသီဥတု ၊ ဓလေ့နဲ့ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တာမျိုးလည်း ဖြစ်ဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ တောင်တက်တာလိုမျိုး စွန့်စားခန်းခရီးတွေ ထွက်ဖို့ ပြင်နေသူတို့အတွက် ဝတ်ရမယ့် အဝတ်အစားနဲ့ပတ်သက်ပြီး အကြံတချို့ ပေးချင်ပါတယ်။

(၁) ချွေးစွန့်နိုင်တဲ့ တီရှပ်

Man standing on The stone

Photo: Unsplash

တောင်တက်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေက အကြမ်းခံပြီး အဆွဲအဆန့်ဒဏ်မှု မြင့်တဲ့ အဝတ်အစားတွေနဲ့မှ ဖြစ်မှာပါ။ စွန့်စားခန်းထွက်တယ်ဆိုတာ ပန်းခြံထဲမှာ လေညှင်းခံ လမ်းလျှောက်နေတာမဟုတ်ပါဘူး။ ချွေးတပြိုက်ပြိုက်ကျအောင် လှုပ်ရှားရတာ ဖြစ်လို့ ချွေးစိုခံနိုင် ၊ ချွေးစွန့်ထုတ်နိုင်ပြီး အပူဒဏ်သက်သာတဲ့ တီရှပ်မျိုး ဖြစ်ဖို့ လိုပါတယ်။ တီရှပ်အသားတွေဟာ ချွေးအောင်းမနေတဲ့ ကိုယ်တွင်းကချွေးကို အဝတ်အစားအပြင် ချွေးစီးစေတဲ့ အသားမျိုး ဖြစ်သင့်ပါတယ်။

(၂) အပေါ့စား Hoody

Man In The Nature

Photo: Unsplash

Hoody အပေါ့စား ဒါမှမဟုတ် ပိုလီအီစတာနဲ့ နိုင်လွန်လို ချည်တွေ သုံးပြီး ထုတ်ထားတဲ့ Softshell Midlayer တစ်မျိုးမျိုးလည်း ဆောင်သွားဖို့ ပြောချင်ပါတယ်။ စွန့်စားခန်းခရီးတွေမှာ ကြုံမယ့်ရာသီဥတုဆိုတာ ပူမယ်/အေးမယ်/မိုးကျမယ် ခန့်မှန်းလို့ မရတာကြောင့် မိုးကာစ Midlayer ထရက်ဆုမျိုးက အပူအအေးဒဏ်ကာကွယ်နိုင်သလို တော်ရုံ မိုးစိုရင်လည်း ပြဿနာရှိမှာ မဟုတ်ပါဘူး။

(၃) Hiking Shorts/ Pants

Mountains and Man

Photo: Unsplash

ရာသီဥတု ပူရင် တောင်တက်ဘောင်းဘီတိုနဲ့ အဆင်ပြေပါတယ်။ အေးတဲ့ရာသီမျိုးမှာဆို Hiking Pants/Legging မျိုး ဝတ်ရမှာပါ။ Hiking Pants တွေက သက်တောင့်သက်သာရှိပြီး ဆွဲဆန့်နိုင်ပါတယ်။ ပေါ့ပါးပြီး ချွေးဒဏ်ခံနိုင်တာကြောင့် လှုပ်ရှားရလွယ်ပါတယ်။ မိုးတွင်းခရီးထွက်မယ်ဆိုရင်တော့ Rain Coat တို့ Rain Pant တို့ ဆောင်သွားသင့်ပါတယ်။ ဘယ်အချိန် မိုးရွာမလဲ မသေချာတဲ့ ဒေသမျိုးဆိုရင်တော့ အကုန်လုံးသယ်သွားဖို့ လိုပါတယ်။

(၄) Hiking Boots / Shoes

Hiking Man

Photo: Unsplash

တောင်တက်ဖိနပ်နဲ့ Boot တွေဟာ ခြေကျင်းဝတ်ကို ကောင်းကောင်းထိန်းပေးနိုင်ပြီး Cushioned Sole ပြားတွေ ပါလို့ ခြေထောက်လှုပ်ရှားမှုကို အကောင်းဆုံး ထောက်ပံ့နိုင်ပါတယ်။ ခြေချော်တာ ၊ ဖိနပ်ထဲ ရေဝင်တာ ၊ ခြေထောက်ရေစိုတာမျိုးကိုလည်း ရှောင်ရှားနိုင်မှာပါ။ ရာသီဥတု ပူရင်တော့ တောင်တက်ခြေညှပ်ဖိနပ် Hiking Sandals တွေ ဝတ်နိုင်ပါတယ်။

(၅) Backpack

Man Backpack

Photo: Unsplash

ဘယ်ခရီးသွားသွား ကျောပိုးအိတ်တစ်လုံးက မရှိမဖြစ်ပါဘဲ။ ကျောပိုးအိတ်ဝယ်မယ်ဆိုရင် ရေရှည် ဝိတ်အလေးကို လွယ်လို့ အဆင်ပြေအောင် ခါးထိန်းတွေ ပါတဲ့ Backpack မျိုး စဉ်းစားသင့်ပါတယ်။ စွန့်စားခန်းခရီးထွက်မယ့် အသုံးအဆောင်ဖြစ်လို့ ပစ္စည်းဝန်ဆံ့ပြီး အကြမ်းခံမှုရှိဖို့လည်း လိုပါတယ်။

Featured Photo: Unsplash