နွေရာသီထဲ ဝင်လာပြီဖြစ်လို့ ဆောင်းရဲ့အေးမြတဲ့အငွေ့အသက်တွေအကြား လေပူနေပူတွေက အစားထိုးရောက်လာပါပြီ။ အခုလို နွေရာသီမှာ ဘယ်လို အဝတ်အစားမျိုး ရမလဲလို့ ပြောရရင် ပေါ့ပါးချောင်ချိမယ့် ချည်သားလေးတွေ ဝတ်ဖို့ ပြောကြပါလိမ့်မယ်။ ဒီထက်ပိုပြီး တိကျအောင် ဘယ်လိုအဝတ်အစားမျိုးနဲ့ နွေရာသီမှာ လိုက်ဖက်သလဲဆိုတာ ပြောပြချင်ပါတယ်။

(၁) Summer Shirt

young man with yellow shirt

Photo: Freepik

အမျိုးသားတွေအတွက် နွေရာသီမှာ ဝတ်ဖို့အကောင်းဆုံးက Summer Shirt တွေပါပဲ။ နေ့စဉ်ဝတ်ဖို့ Casual Clothes ထဲမှာ ထိပ်ဆုံးက ထားဝတ်ရမယ့် အမျိုးအစားဖြစ်ပါတယ်။ လက်တိုလက်ရှည် နှစ်မျိုး လာပြီး နွေရာသီမှာ ဝတ်ဖို့အဆင်ပြေအောင် ချည်သား 100% ဖြစ်ဖို့တော့ လိုပါတယ်။ နွေဘက်ဖို့ ချောင်ချိဖို့ လိုတယ်ဆိုပေမယ့် ပွလွန်းတာ ၊ လက်အိုးကျယ်လွန်းတာမျိုးလည်း ရှောင်ကြဉ်သင့်ပါတယ်။

(၂) လည်ဝိုက်တီရှပ်

smiling man with T-shirt

Photo: Freepik

လက်ဝိုက်တီရှပ်လေးတွေကလည်း ပေါ့ပါးပြီး နွေရာသီမှာ ဝတ်ဖို့ အဆင်ပြေပါတယ်။ တီရှပ်လက်တိုမျိုးပဲ ဝယ်ဖို့ လိုပါတယ်။ တကယ်လို့ နည်းနည်း Formal ကျချင်ရင် ကော်လာပါတဲ့ Polo Shirt ပုံစံမျိုး ဝတ်ဖို့ အကြံပေးချင်ပါတယ်။ Polo Shirt တွေက အလုပ်သွားတာ ၊ ပျော်ပွဲစား ထွက်တာ ၊ လုပ်ငန်းကိစ္စခရီးသွားတာကနေ သမီးရည်းစားချိန်းတွေ့တဲ့နေရာအထိ အသုံးတည့်လို့ ဖြစ်ပါတယ်။ ပုံမှန်ထသွားလာသွားကတော့ အပြာ ၊ အဖြူနဲ့ အစိမ်းတို့လို အရောင်လွင်တဲ့ တီရှပ်မျိုးပဲ ဝတ်တာ ပိုကောင်းပါတယ်။

(၃) ကြယ်သီးတပ် ရှပ်တွေ

man sitting and staring at something

Photo: Freepik

ကြယ်သီးပါတဲ့ ချည်သားရှပ်လေးတွေက လေဝင်လေထွက်မှန်ပြီး အေးပါတယ်။ ရာသီဥတု ပူပြင်းလို့ ချွေးတွေနဲ့ အိုက်လာရင်တောင် အပေါ် ဆုံးကြယ်သီးကို ဖြုတ်ထားလို့ ရတာကလည်း အားသာချက်ပါပဲ။ လက်တို Short Sleeved Shirt တွေက ပိုပြီးလွတ်လပ်တယ်ဆိုပေမယ့် နေပူထဲ ထွက်မယ်ဆိုရင် အသားအရေအတွက် စဉ်းစားရပါတယ်။ လက်ရှည် Long-Sleeved Shirt အပါးလက်ရှည်လေးတွေရွေးတာ ပိုပြီး အသုံးတည့်ပါလိမ့်မယ်။

(၄) Body Shirt

Young man smiling

Photo: Freepik

Body Shirt ဆိုတာ ရှပ်လက်ရှည်အောက်မှာ ချွေးမစားအောင် ခံဝတ်ရတဲ့ စွပ်ကျယ်အင်္ကျီမျိုး ဖြစ်ပါတယ်။ ချွေးစိုခံနိုင်တဲ့ ရှပ်တွေဖြစ်ပြီး နိုင်လွန်သားတွေထက် ချည်သားတွေပဲ ရွေးချယ်သင့်ပါတယ်။ Body Shirt ဝယ်ဆိုရင်လည်း အပေါ်က ရှပ်လက်ရှည်လည်ပင်းပေါက်နဲ့ ကွာအောင် V-Neck ဒီဇိုင်းမျိုးက ပိုဖြစ်သင့်ပါတယ်။

(၅) Summer Jacket

man with Navy Blue Jack

Photo: Freepik

Summer Jacket ဒါမှမဟုတ် Suit ကတော့ ပွဲတက်ဖို့ပါ။ နွေရာသီမှာ မင်္ဂလာပွဲတွေ ၊ ပါတီ နဲ့ မွေးနေ့ပွဲလို ပွဲတွေ တက်မယ်ဆိုရင် Official Dress Code တော့ လိုမယ်မလား။ ချည်သား Cotton Suit တွေက အကြမ်းခံတယ်။ ချွေးစားသက်သာပြီး ဝတ်ရတာ ပေါ့ပေါ့ပါးပါး ရှိပါတယ်။ ဒါမှမဟုတ်လည်း လီနင်သားမျိုး ရွေးချယ်ဖို့ အကြံပြုလိုက်ရပါတယ်။